Tuesday, December 29, 2015

I-mobile IQ 5.8 DTV မြန်မာစာထည့်နည်း (Firmware မကျပါ)

I-mobile IQ 5.8 DTV အတွက် ဇော်ဂျီဖောင့် မြန်မာစာအမှန်ထည့်နည်းပါ

ဘေးကင်းပါတယ် ဖန်းဝဲ လုံးမကျပါဘူး

ဒီပို့စ်ကို ရေးဖို့ ကျနော် စမ်းတဲ့နေရာမှာ ဖုန်းဒုတိယမြောက်တလုံးမှာပဲ အောင်မြင်ခဲ့တာပါ
မစမ်းပဲ ရေးကြ ကူးချကြတဲ့ ဘလော့တွေက နည်းလမ်းတွေကို မသုံးကြပါနဲ့ 
ပထမဖုန်းတလုံးကတော့ Boot Logo မှာပဲ လည်နေလို့ ပိတ်လဲမရ ဖွင့်လဲမရနဲ့ Firmware ကျသွားပါပီ

ကျနော် ထိုင်းနိုင်ငံထဲမှာနေအခုလက်ရှိနေနေပါတယ် ပိုယုံကြည်မှရှိအောင်ပြောပြတာပါ

ထည့်နည်းလေး စလိုက်ရအောင်

MM AIO နဲ့ စမ်းကြည့်ပီးပါပီ အဆင်မပြေခဲ့ပါဘူး

လိုအပ်တဲ့ Apk တေက 

Thursday, December 17, 2015

Window PC ပေါ်မှာ Android Emulator သုံးလိုသူများအတွက် MEmu Android Emulator

လောလောဆယ် ကျနော်ကြိုက်နေတဲ့ ဆော့ဖ်ဝဲလေးပါ
ဖုန်းကျကွဲသွားတဲ့အချိန် Clash of Clan (COC) တို့ Boom Beach တို့ ဘလပ်ဘလပ်ပေါ့ဗျာ
Android ပေါ်က ဂိမ်းတွေကို ဆော့မရနိုင်တော့ဘူးလေ
ဖုန်းကလဲ အသစ်မဝယ်နိုင်သေးတော့ PC ပေါ်က Emulator တွေ သုံးရမယ်လေ

ပထမ Bluestack ကို သုံးကြည့် အရင်ကထက် ပိုနှေးလာတဲ့အပြင်
ဆော့ရတာလဲ မမိုက်ဘူး Root လဲ မရဘူး မဝယ်ရင်လဲ ဟိုဟာသွင်းခိုင်း ဒီဟာသွင်းခိုင်းနဲ့

ဒီ Emulator လေးက Supersu ပါပီးသား Root ပေါ့ဗျာ
COC မြန်မာစာ မှန်အောင်တို့ ဘာတို့ လုပ်နိုင်ပီလေ

Window 10 Pro 64 bits ပေါ်မှာ တင်ထားပါတယ်


နာမည်က Memu ပါ စမ်းကြည့်လိုက်ကြပါဦး


Samsung Galaxy J7 (SM-J700F) အတွက် Stock Rom, Odin, Driver လေးပါ

ပို့စ်တေ မတင်ဖြစ်တာလဲ ကြာပီဗျာ

အခုတော့ Samsung ရဲ့ Galaxy J7 Stock Rom လေး တင်ပေးချင်ပါတယ်

အသုံးပြုနည်းကတော့ တတ်ကျွမ်းကြမယ်လို့ ထင်ပါတယ်

လင့်လေးတွေပဲ ပေးခဲ့မယ်နော်



SM-J00f Stock Rom



Odin V_3.10.6





Samsung USB Driver




Sunday, July 27, 2014

How Can I download From Mega.co.nz

mega.co.nz ကနေ ဘယ်လိုဒေါင်းလုပ်လုပ်ရမလဲ

Mega မှာ ဒေါင်းလုပ်လုပ်မယ်ဆိုရင် Mediafire တို့ Box တို့လို့ တိုက်ရိုက်ယူလို့မရပါဘူး
Web ပေါ်မှာ ဒေါင်းလို့ 100% ပြည့်မှ Download ဆိုတာလေးပေါ်တာပါ



ဒီတော့ ဘယ်ကနေ ဒေါင်းလုပ်ရနိုင်မလဲ
အောက်မှာပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ

အဲဒီမှာ ဒေါင်းမဲ့ ဖိုင်ရဲ့ url ကို copy & paste လုပ်လိုက်ပါ
ပိးရင်တော့ ဒေါင်းလုပ်လုပ်နိုင်ပါပီ


Internet Download Manager သုံးရင်တော့ လှည့်ကြည်ဈာမလိုပဲ ဒေါင်းလို့ရပါတယ်

အောက်ကလင့်မှာ Unrestict ရဲ့ Support ပေးထားတဲ့ Mediafire , mega အများကြိးရှိပါတယ် ဒေါင်းလုပ်ရတာအဆင်မပြေတဲ့ Website တချို့လဲပါပါတယ် အဆင်ပြေကြပါစေ

http://unrestrict.li/hosts

Tuesday, July 8, 2014

Imobile IQ 5.1 Pro အတွက် Official Rom ပါ

အခု ကျနော် ထိုင်း imobile ရဲ့ IQ 5.1 Pro Firmware လေး တင်ပေးချင်ပါတယ်

အခက်အခဲရှိသူများအတွက်ပါ အောက်ကလင့်ကနေ Zip ဖိုင်ကိုဒေါင်းလိုက်ပါ

SD ကဒ်ထဲထည့်ပီး Power နဲ့ Vol + key ကို နှိပ်တာနဲ့ သူ့အလိုလို Rom ကို ပြန်ထည့်ပေးသွားပါလိမ့်မယ်

အဆင်ပြေကြပါစေ

Wednesday, June 11, 2014

General ကို Android ပေါ်မှာ ကစားလို့ရမဲ့ Desert Stormfront

PC ပေါ်ကို General ကို ရူးသွပ်ခဲ့ကြတဲ့ ညီအစ်ကိုများအတွက်ပါ

အခုတော့ General ကို Android ပေါ်မှာလဲ ဆော့လို့ရနိုင်ပါပီ

Playstore မှာတော့ $ 4.99 ပါ

ကျနော့ဆီမှာ free download နိုင်ပါတယ်


Tuesday, June 10, 2014

How Can I Format USB Flash Drive in DOS (ဗိုင်းရပ်စ် ထိလို့ စတစ် ဖောမက်ချမရဘူး ဆိုတဲ့သူတွေအတွက်)

တခါတရံ Memory Stick တွေမှာ Virus ကိုက်လို့ Format ကို ရိုးရိုး Right Click >> Format နဲ့ ချမရပါဘူး

အဲဒီလိုအခါမျိုးမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေး တခုရှိပါတယ်

Start >> Program >> Run
ဒါမှမဟုတ် Window Key နဲ့ R Key ကို တွဲနှိပ်ပါ
ပေါ်လာတဲ့ Run Box ထဲမှာ cmd လို့ ရိုက်ထည့်ပေးပါ
ဒါဆိုရင် Command Prompt Box တက်လာပါပီ

diskpart  လို့ရိုက်ပါ
(ကို့ရဲ့ USB Memory Stick ရဲ့ နာမည်ကိုမသိတဲ့အတွက်ကြောင့် နာမည်ရှာပါမယ်)
list disk
(ဒါဆိုရင်တော့ Disk 0, Disk 1, Disk 2 စသဖြင့်ပေါ့ဗျာ ပေါ်လာပါလိမ့်မယ်)
select disk 1 
(များသောအားဖြင့် Computer တွေမှာ Disk တလုံးပဲ တပ်ကြပါတယ် Disk 0 ပါ
Stick ဟာ Disk 1 လို့ ပေါ်ပါလိမ့်မယ် Size နေရာမှာ 8GB 4GB စသဖြင့်ပေါ်ပါလိမ့်မယ်)
clean 
(ရှိသမျှ တွေကို ဖျက်ချလိုက်တာပါ)
create partition primary
(Partition တခု ပိုင်းပါမယ်)
select partition 1
(Partition ယူလိုက်တာပါ ဒီစာကြောင်းကို မရိုက်လဲ ရပါတယ်)
active
format fs=fat32 
(ntfs/fat ကြိုက်ရာကို ရွေးနိုင်ပါတယ် NTFS ကိုရွေးခဲ့ရင်တော့ DvDplayer (အောက်စက်)မှာ အလုပ်မလုပ်တာ တွေ့ရပါတယ်)
assign 
(ဒိအဆင့်ပီးရင်တော့ ဖောမက်လုပ်တာ ပြိးပါပြီး အချိန်တော့စောင့်ရပါတယ် 100 % ပြည့်သည်ထိစောင့်ပေးပါ စက်ကိုပိတ်လိုက်တာမျိုး မလုပ်ပါနဲ့ Stick လုံးဝပစ်လိုက်ရတာမျိုးဖြစ်ဖူးပါတယ်)
exit 
(diskpart ကနေ ထွက်တာဖြစ်ပါတယ်)
exit 
(cmd box ကို ပိတ်တာဖြစ်ပါတယ် ဒီတိုင်းပိတ်လဲ ရပါတယ် :3)


*မောင်အောင်လေး*