Monday, December 24, 2012

Desktop Screen ကို ဓာတ်ပုံရိုက်နိုင်မဲ့ Gadget

ကျနော် နတ်ဆိုးလေး ဘလော့မရေးဖြစ်တာလဲကြာပါဘီ
တခုခုတော့ ရေးဦးမှပဲဆိုပီး စဉ်းစားလိုက်တာ အဟဲ တခုရေးလို့ရသွားတယ်

ဒီ gadget လေးကို သုံးနေတာ 2009 လောက်ကတည်းကပါ သိတဲ့လူရှိရင်လည်း ရှိလိမ့်မယ်
မသိသေးတဲ့ သူများအတွက်ပေါ့ဗျာ

နာမည်က Screen Snapper ပါ

အောက်မှာ ဒေါင်းပါ

Mediafire.com

DepositFiles.com


ဒီအဆင့်လေးကို ကျွမ်းကျင်ပီးသားသူများ သည်းခံပါ
အသုံးပြုပုံလေးကို ရှင်းပြပါ့မယ်
ဒေါင်းလုပ်ဆွဲပီးပီဆိုတာနဲ့ Run <Win+R> နှိပ်ပါ AppData လို့ရိုက်ပီး Enter ခေါက်ပေးပါ

C:\Users\user\AppData\Local\Microsoft\Windows Sidebar\Gadgets
 

အဲဒီမှာ ဒေါင်းလုပ်ဆွဲထားတဲ့ Rar ဖိုင်လေးကို ဖြည့်ပီး Copy & Paste လုပ်ပေးပါ
 ဒါဆိုရင်တော့ Window Sidebar မှာ Screen Snapper gadget လေး ပေါ်လာပါလိမ့်မယ်





အဲဒီ Gadget လေးမှာ  Desktop/Window/Region ဆိုပီး ပုံရိုက်လို့ရတာ ၃မျိုးရှိပါတယ်
Desktop ဆိုတာကတော့ ရှင်းပါတယ် Desktop တခုလုံးကို ရိုက်တာပါ
Window ဆိုတာကတော့ ကိုယ်ဖွင့်ထားတဲ့ Sofrware (ex; ms word) တခုတည်းကို ရိုက်တာပါ
Region ဆိုတာကတော့ ဘယ်နေရာကနေ ဘယ်နေရာအထိ ရိုက်မယ်လို့ ကိုယ်တိုင် စိတ်ကြိုက်သတ်မှတ်ပေးတဲ့ဟာပါ

အဆင်ပြေနိုင်ကြပါစေ

Tuesday, December 11, 2012

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်း တင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။ ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ၀ယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။ ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
ကိုးကားစာရင်း
-မောင်သန်းဆွေ(ထားဝယ်) - ကုန်းဘောင်ရှင်းတမ်း
-ဇေယျ - မြန်မာ့မျက်ပွင့်
-မင်းယုဝေ - ပထမမြန်မာများ
-မင်းသုဝဏ် - လိန်း-မက္ခရာ စေတနာ (ဆောင်းပါး)

ဗုဒ္ဓရဲ့ ဒီမိုကရေစီရှုဒေါင့်မှ မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးသြ၀ါဒကို ဘာသာပြန်ခြင်း

ဗုဒ္ဓေါဝါဒဆရာတော်
ဒီဇင်ဘာ ၁၂၊ ၂၀၁၂
မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်ပြီး သံဃာတော်များ ထိခိုက် ဒဏ်ရာများရခဲ့သည်နှင့် စပ်လျင်း၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းတို့ သံဃမဟာနာယကဆရာတော် ကြီးများအား ၀န်ချတောင်းပန်ခဲ့လို့ အတွင်းကအနှစ်သာရမပါစေကာမူ အမြင်ပြယုဂ်အနေနဲ့ကတော့ ကြည့်လို့ ကောင်းသွားသလိုဖြစ်ကောင်း ဖြစ်မှာပါ၊၊
“အဖျက်သမားအချို့ ဘာသာရေးကို ခုတုံးလုပ်ရုံမျှသာမက နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် စီမံချက်ချ ဆောင်ရွက်နေဆို”တဲ့ သတင်းစာပါ ခေါင်းစဉ်ကို ဖတ်ရတာဟာ ယခင်စစ်အစိုးရလက်ထက်က အကျင့်ဆိုးတွေ အတိုင်းရေးသားနေတာဟာ ယနေ့ သံဃာထုကိုဆက်လက်ပြီး စော်ကားနေတာလို့ ခံစားမိတယ်၊ဒီကနေ့ သံဃာထုရဲ့ ဆန္ဒဟာ ပြည်သူလူထုနဲ့ တစ်ထပ်တည်းဆိုတာကို တကယ်ပဲမသိတာလား မသိချင်ဟန်ဆောင်၍ လူမိုက်တွေစရိုက်မို့ စစ်အစိုးရတလျောက်ရေးခဲ့သလိုမျိုး ကြေးမုံသတင်းစာမှာ ဒီကနေ့ထိ စော်ကားတဲ့ ရေးသားမူတွေရှိနေတာဟာ သာသနာတော်ပေါ်နှင့် သံဃာများအား မထေမဲ့မြင်ပြုတာဖြစ်ပါတယ်၊၊
အဖျက်သမားဆိုတာကို စစ်အစိုးရ အဆက်ဆက်က အဓိပ္ပါယ်ဘယ်လိုဖွင့်ဆိုခဲ့လဲဆိုရင် ဒီမိုကရေစီနှင့်လူ့အခွင့် အရေး လူသားတိုင်းရဲ့ ရပိုင်ခွင့်များကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသူများကို အဖျက်သမားရန်သူဆိုတဲ့ အတွေး အခေါ်မျိုးဖြစ်လာအောင် စစ်တပ်နဲ့ရဲဝန်ထမ်းတွေအားလုံးကို ရိုက်သွင်း ပုံထုကာ တိရစ္ဆာန်ဇတ် သွင်းပေးခဲ့ ပါတယ်၊စစ်ဗိုလ်ချုပ်ကြီးများရဲ့ လက်ချက်ကြောင့် အသက်(၅၀)ကျော်ဝန်းကျင်က စစ်တပ်နှင့်ရဲ ကြက်ခြေနီ မီးသတ်၊ ဆရာ၊ဆရာမများ၊နောက်ဆုံး သံဃမဟာနာယက၀န်ထမ်းများပါမကျန် နိုင်ငံတွင်းက ၀န်ထမ်းအားလုံး စိတ်ပိုင်းဆိုင်ရာမှာ အလွန်ပျက်ဆီးသွားခဲ့ရပါပြီ၊လူ့ဘ၀ရဲ့ သက်တမ်းတ၀က်လောက်မှားလာခဲ့တဲ့ အမှားတွေကို ဆက်တိုက် လုပ်လာခဲ့ရတဲ့ ၀မ်းထမ်းများအား ဒီကနေ့အမြင်မှန်ရအောင် Mindset မိုင်းဆက်စ် အတွေးအခေါ် အယူအဆတွေ ပြန်လည်ကောင်းမွန်ဖို့ အချိန်တိုအတွင်းမှာ ပြုပြင်ဖို့မလွယ်ပါဘူး၊၊
ဘာသာရေးကို ခုတုံးလုပ်ခဲ့တာဟာ ဘယ်သူတွေလည်းဆိုတာ အသေချာစဉ်းစားဖို့လိုပါတယ်၊နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးကို ခါးပိုက်ဆောင်တပ်သဖွယ်ထားကာ စစ်အစိုးရအဆက်ဆက်က နိုင်ငံရေးအရ မဟာဗျူဟာမြောက် ဆရာတော်ကြီးများနှင့် ဗုဒ္ဓဘာသာ၊ သာသနာတော်တခုလုံးကို ခုတုံးလုပ်ကာ အာဏာရှင် တွေက ကစားခဲ့ကြတာကို တနိုင်ငံလုံးက သံဃာထုနှင့်ပြည်သူတွေကသိနေပါတယ်၊ သူခိုးက လူပါ လူပါ အော်နေသလိုမျိုးဖြစ်နေပြီဆိုတာ သိဖို့ကောင်းပါတယ်၊လိုအပ်လာရင်  ကြည်ညိုချင်ဟန်ဆောင်ပြီး ပါးနှပ်စွာ အသုံးချ သွားခဲ့တာကို ဆရာတော်ကြီးတချို့က သိကြမယ်ထင်ပါတယ်၊သံဃနာယက အဖွဲ့ ကြီးသည် စစ်အစိုးရ လက်ထက်ကဖွဲ့ခဲ့တာမို့ ခေတ် ပြောင်း စနစ်ပြောင်း အခုလိုမျိုး ဒီမိုကရေစီစနစ်ကို အမှန်တကယ် သွားနေတယ် ဆိုရင် သံဃမဟာနယကအဖွဲ့ကြီးကို သံဃဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာနဲ့ Reform ပြုပြင် ပြောင်းလွှဲရေး လုပ်ဖို့ အရေးတကြီးလိုအပ်ပါပြီ၊၊
ဗိုလ်ချုပ်နေ၀င်း ကောင်စီပါတီခေတ်က ၁၉၈၆ ခုနှစ် အောက်တိုဘာလ(၂၀) အမိန့်ညွန်ကြားလွှာ (၇၂)ဆိုပြီး သံဃာများအပေါ်မှာ ဥပဒေထုတ်ခဲ့တာကို လက်ရှိအချိန်မှာ ပြန်လည်ပြင်စင်ဖို့လိုအပ်သလို ၁၉၉၀ ခုနှစ် အောက်တိုဘာ(၂၀)က ဗိုလ်ချုပ်စောမောင်က သံဃာများအား ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေများထုတ်ခဲ့ပါတယ်၊အဲဒီ ဥပဒေတွေက အခုချိန်ထိရှိနေပါတယ်၊ ဒီလို မတရားတဲ့ ဥပဒေများကို ပြန်လည်စီစစ်ပြီး ဖျက်သင့်တာကိုဖျက် ရမယ်၊ဘုရားရှင်ရဲ့အလိုကျသာ သံဃအခြေခံစည်းမျဉ်းကို ဆွဲရမှာဖြစ်သော်လည်း စစ်အစိုးရ အလိုကျရေးစွဲခဲ့တဲ့ မတရားတဲ့ စည်းမျည်းစည်းကမ်းများကို ဖယ်ရှားရန်လိုပါတယ်၊၊
မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သံဃာတော်များအနေနဲ့လည်း တိုင်းပြည်မှာ လုပ်စရာတွေအများကြီးရှိနေပေမဲ့ တကယ်အရေးကြီးတဲ့ သံဃာများနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စစ်အစိုးရအဆက်ဆက်က သံဃာများအပေါ်မှာ မတရားတဲ့ သံဃစည်းမျဉ်းများထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ကာ သံဃာထုကြီးတခုလုံးရဲ့ ရင်ဝမှာ စိုက်နေတဲ့ လှန်နှင့် တူတဲ့ စစ်အစိုးရဥပဒေကို သံဃာအားလုံးက လိုအပ်သလို ဖျက်ခြင်း၊အသစ်ပြဋ္ဌာန်းခြင်းစတဲ့ လက်ရှိ သံဃဆန္ဒနဲ့အညီ ပြန်လည်ရေးဆွဲဖို့က အရေးကြီးပါတယ်၊ တရားဥပဒေစိုးမိုးရေးလို့ ပြောမည်ဆိုလျင် ဦးစွာ ပထမ ယင်းဥပဒေကိုက သံဃဆန္ဒ ပြည်သူတွေရဲ့ဆန္ဒနှင့်အညီ သူတော်ကောင်းများ လက်ခံနိုင်တဲ့ ဥပဒေမျိုး ဖြစ်ဖို့လွန်စွာမှ အရေးကြီးပါတယ်၊၊
“ ကြေးနီတောင်အဖြစ်အပျက်နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများ မသိနားမလည်မူကြောင့် ချို့ယွင်း အားနည်းမူများရှိနိုင်” ဒါကတော့ ကြေးမုံသတင်စာက လက်ရှိ ဦးသိန်းစိန်အစိုးရသဘောထားပါ၊ လက်ပံတောင်း တောင်မှာ တာဝန်ယူတဲ့ ရဲနှင့် စစ်ဗိုလ်များက သံဃာများကို မီးလောင်းဗုံးနှင့် ပစ်ပေါက်အကြမ်းဖက် နှိပ်နှင်းခဲ့မူ ကြောင့် သံဃာနှင့် ရွာသူရွာသားများအားလုံး ခန္ဓာကိုယ်အနှံ့အပြားမှာ မီးလောင်ဒဏ်ရာများ အပြင်းအထန်ရရှိ ခဲ့တယ်ဆိုတာ သီတင်းမီဒီယာ ဓာတ်ပုံများနှင့် ဗွီဒီယိုရုပ်သံများက သက်သေပြုခဲ့ပါပြီ၊ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေတဲ့ သံဃာများနှင့် ဒေသခံရွာသူရွာသားများအား ညအလယ် သန်းခေါင်းချိန်မှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တာ ကြောင့် ရဲတပ်ဖွဲ့ကို အမိန့်ပေးတဲ့ သမ္မတ ဦးသိန်းစိန်၊ပြည်ထဲရေးဝန်ကြီး ကိုကို၊စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် သာအေးစတဲ့ အဓိကတာဝန်ရှိသူများအနေနဲ့ မိမိတို့ကိုယ်တိုင် အမိန့်ပေးခဲ့တဲ့တာကို ရိုးသားစွာဝန်ခံပြီး ပြည်သူလူထုနှင့်တကွ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်များအား ကိုယ်တိုင်သွားရောက် လျောက်ထားကာ တပည့်တော်တို့ အရှင်ဘုရားတိုအပေါ်မှာ ပြစ်မှားမိခဲ့တာများကို ခွင့်လွတ်ရန် ၀န်ချတောင်းပန်ရန်လိုပါတယ်၊၊
နိုင်ငံတော်အစိုးရကိုယ်စား ဒဏ်ရာရရှိသည့် ဦးပဉ္ဖင်းနှင့်ကိုရင်များအား အလေးအနက်ထား တောင်းပန်လျှောက် ထားဆိုတဲ့စာကို သာသနာရေးဝန်ကြီး  သူရဦးမြင့်မောင်က သံဃမဟာနာယကဆရာတော်များအား ရှင်းပြကာ တောင်းပန်လျှောက်ထားတာကို ကြေးမုံသတင်စားမှာတွေ့ရပါတယ်၊မြန်မာစကားမှာခြေမကောင်း ခြေမ၊လက်မ မကောင်းလက်မဆိုတာရှိတယ်၊ဒီလိုပါဘဲ ပြည်ထောင်စုဝန်ကြီးအားလုံးက သံဃာများကို မီးရှို့သတ်ဖြတ်ခဲ့တာ မဟုတ်ပါဘူး၊ပြည်ထောင်စုအစိုးရတခုလုံးက သံဃာကိုစော်ကားသတ်ဖြတ်ခဲ့တာမဟုတ်တဲ့အတွက် ဒီနေရာမှာ သံဃာကိုစော်ကားသတ်ဖြတ်ရန် အမိန့်ပေးခဲ့တဲ့ ၀န်ကြီးအချို့နှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ကြတဲ့ ရဲဝန် ထမ်းများကသာ မိမိတို့စော်ကားခဲ့သော သံဃာများအား ကိုယ်တိုင် ၀န်ချတောင်းပန်ရမည်သာဖြစ်ပါတယ်၊၊
ရိုက်တာက ဘုန်းကြီးတပါး ၀န်ချတောင်းပန်တာက နောက်ဘုန်းကြီးတပါးဆိုရင် ဒါဟာသဘာဝမကြပါဘူး၊ကိုယ် လုပ်တဲ့ ကုသိုလ်ကံ၊အကုသိုလ်ကံဟာ အစားထိုး ခံရတာမျိုးဆိုတာမရှိဘူး ကိုယ်လုပ်ရင် ကိုယ်ခံရမယ်၊ ဘယ်သူကမှ အစားထိုးဝင်ရောက်လို့မရပါဘူး၊အဖေဖြစ်သူရဲ့ အကုသိုလ်ကို သားကခံလို့မရသလို၊သားလုပ်တဲ့ အကုသိုလ်ကိုလည်း အမေဖြစ်သူက ခံပေးမယ်ဆိုလို့မရနိုင်ဘူးဆိုတာ ဘုရားဟောခဲ့ပြီးသားပါ“ သဒိသံပါကံ ဇနေတိ” ကိုယ်လုပ်တဲ့ ကောင်းကံ မကောင်းကံအတိုင်းသာ ကိုယ်ပြန်လည်ပြီးခံစားရတာဖြစ်ပါတယ်၊ကိုယ်စား ၀န်ချတောင်းပန်လိုက်တာဟာ ဗုဒ္ဓအဆုံးအမတိုင်း နားမလည်လို့သာဖြစ်ပါတယ်၊၊
ဗမော်ဆရာတော်ကြီး ကတော့ ပင်ကိုယ်ရိုးသားမူ စာပေပရိယတ္တိကျော်စောမူစတဲ့ ကြည်ညိုလေးစားစရာတွေ ရှိပါတယ်၊ဒါပေမဲ့ ဆရာတော်ကြီးလည်း ဒီမိုးဒီရေဒီလူတွေနဲ့ လက်တွဲလုပ်ကိုင်လာခဲ့တာကြာတော့ စစ်အာဏာရှင်စနစ်ရဲ့အောက်မှာ အတူသွား အတူလာ တစ်ခရီးထဲမို့ ဘုရားဟောတိုင်း ပြတ်ပြတ် သားသား ဟောချင်ပေမဲ့ အသားထဲက လောက်ထွက်မည့် ဘုန်းကြီးလူထွက် လောဘသားများနဲ့လည်း ကင်းလို့မရသလို လက်တွဲနေတဲ့ သံဃနာယက ကိုယ်တော်ကြီးများလည်း  သံဃာများအတွက် အရေးကြောင်းဆို မညီညွတ်နဲ့ မီးကြိုးမောင်းပျက် အဖွဲ့ကို ဗိုလ်လုပ်နေရတာကြောင့် အခက်ခဲတွေတော့ ဆရာတော်ကြီးမှာလည်းရှိနေမှာပါ၊ ဗမော်ဆရာတော်ကြီး က အဋ္ဌကထာပါတဲ့ ပုံပြင်တခုပြောရာမှာ “ သီရိဓမ္မာသောကမင်းကြီးလက်ထက်မှာ အချို့ရဟန်းတော်များသည် မသင့်မတင့် ပြုကျင့်သည့်အတွက် ရဟန်းကောင်းများက မကောင်းတဲ့ ကိုယ်တော်များနဲ့ ဥပုသ်အတူတူမပြု၊ ကံကြီးကံငယ် အတူတူမဆောင်ဘဲ နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာသွားသည့်အတွက် သံဃာများ မညီ မညွတ်ဖြစ်နေခဲ့တယ်၊ဒီအကြောင်းကို တချို့က ဘုရင်ကြီးအား လျောက်ထားခဲ့ပါကြောင်း၊ဘုရင်းကြီးက သိတော့ ဒါဆိုရင်ဖြင့် ညီညွတ်အောင်လုပ်ပါဟု အမတ်တဦးအား စေခိုင်ခဲ့တယ်၊ခိုင်းလိုက်တဲ့ အမတ်ကလည်း ဘယ်လိုလုပ်ရမည်ကို စဉ်းစားပြီး သံဃာများကို အစည်းအဝေး လုပ်စေခဲ့တယ်၊သံဃာများ ထိုင်တဲ့အခါမှာ မတော်တရော်လုပ်တဲ့ သံဃာများနှင့် ကောင်းကောင်းမွန်မွန် နေတဲ့သံဃာများ တခြားစီထိုင်နေခဲ့တယ်၊ကောင်း မွန်စွာနေတဲ့ သံဃာများက မတော်တရော်လုပ်တဲ့ သံဃာများနှင့် ဥပုသ်အတူတူ မပြုနိုင်ကြောင်း အမတ်အား ပြောခဲ့တယ်၊အမတ်ကလည်း ဥပုသ်အတူတူမပြုရ ကောင်းလားဆိုပြီး ကောင်းမွန်စွာနေခဲ့တဲ့ သံဃာများကို တစ်ပါးပြီး တစ်ပါးသတ်ခဲ့တယ်၊ သံဃာများ သေကုန်တယ် နောက်ဆုံး သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်  တိဿက သံဃာများတော့ သေကုန်ပြီ၊ မိမိအလှည့်ကျပြီဆိုကာ သတ်မည်သူရှေ့မှာ သွားပြီးထိုင်ခဲ့တယ်၊ ညီတော်ကို သတ်ရမည့်မို့ မသတ်ရဲကြ ပါကြောင်း၊အခုလည်း ညီတော် တိဿအလှည့်ရောက်နေပြီဖြစ်ကြောင်း ကျန်တဲ့ သံဃာများမှာမူ ဥပုသ်အတူတူ မပြုဟု ငြင်းပယ်တဲ့အတွက် အားလုံးကို သတ်ခဲ့ပြီဖြစ်ပါကြောင်း ဘုရင် ကြီးအား လျောက်ထားခဲ့တယ်၊ ဘုရင်က ငါအနေနဲ့ အဲလိုမျိုး သတ်ခိုင်းခြင်းမဟုတ်ပါကြောင်းနှင့် အဲလို လုပ်ဆောင်ချက်မှာ အလွန်မိုက်မဲလှကြောင်း ပြောခဲ့တယ်၊သံဃာများကို သတ်ခဲ့တာဟာ တပည့်တော် ခိုင်းစေခဲ့ တာ မဟုတ်ကြောင်းကို ဆရာတော်များအား တောင်းပန်ခဲ့တာကြောင့် ကျေသွားသည်ဟု ဆရာတော်ကြီးက ပြောခဲ့ပါတယ်၊၊
နောက်တခုက သီဟိုဠ်ကျွန်းမှာ နံနက်ခင်းပိုင်း သံဃာတော်များအား ယာဂုဆွမ်းလောင်းတဲ့ ဓလေ့ရှိပါတယ်၊ အဲဒီအချိန်မှာ ရဟန္တာပုဂ္ဂိုလ်ကြီးတစ်ဦးက ယာဂုဆွမ်းလောင်းတဲ့နေရာမှာ သွားပြီးတော့ အလှူခံတယ်၊ သပိတ်ထဲမှာ ဆွမ်းမပါဘဲ ယာဂုသက်သက်ပဲ ဖြစ်တာကြောင့် ရဟန္တာကြီးက လမ်းဘေးမှာ ထိုင်ပြီး သပိတ်ကို မော့သောက်လိုက်တယ်၊ အဲချိန်မှာ ကိုယ်တော်လေးတပါးက မြင်တော့၊ ဒီကိုယ်တော်ကြီးက အရှက်မရှိ၊သပိတ် မော့သောက်ရမလားဆိုကာ စိတ်ထဲမှာပဲ ကဲ့ရဲ့မိပါတယ်၊ဒါနဲ့ ရဟန္တာကြီးက ကိုယ်တော်လေးကို  ဘုရား သာသနာမှာ ဆောက်ရာတည်ရာများ ရနေပြီးလာလို့ မေးတော့  သောတာပန်ဖြစ်နေပြီဖြစ်ကြောင်းကို လက်မထောင်ကာ ဖြေခဲ့ကြောင်း၊ဒါဖြင့်ရင် ဦးဇင်းလေး သောတာပန်ဆိုလျှင် နောက်ထပ်မကျင့်တော်ရန် ကျင့်ရင်လည်း ဘာမှ ဖြစ်လာမယ်မဟုတ်ကြောင်းမိန့်ကြားသဖြင့် ဦးဇင်းလေးက အကြောင်းစုံကို မေးရာ ရဟန္တာကို ကဲ့ရဲ့လျှင် ကံကြီးထိုက်ပါကြောင်း၊ ရှေ့ဆက်ပြီး အနာဂါမ်၊ဖြစ်ဖို.ဆိုတာအဲဒီ အကုသိုလ်တွေကို ကျေအောင် ၀န်ချတောင်းပန်ရန် လိုကြောင်းပြောကြားရာမှာ ဦးဇင်းလေးက ၀န်ချတောင်ပန်လို့ ကျေသွား ပါကြောင်း စသည်ဖြင့် ဆရာတော်ကြီးကတော့ သီရိဓမ္မာသောကမင်းကြီးကဲ့သို့ နှလုံးမူပြီးလည်းကောင်း သီဟိုဠ်မှ ရဟန္တာမြတ်ကြီးကဲ့သို့ နှလုံးမူပြီးတောင်းပန်သည့်အတွက် စာပေနှင့်ညီမျှတဲ့အတွက် ဘုန်းကြီးတို့က ကျေနှပ်ပါကြောင်း အခုလိုမျိုး အကုသိုလ်မျိုး ဆက်လက် မဖြစ်ရန်စေနှင့် ကောင်းကောင်းမွန်မွန် နေထိုင်ကြရန် သြ၀ါဒပေးသွားခဲ့ပါတယ်၊၊
ဗမော်ဆရာတော်ကြီးရဲ့ သြ၀ါဒကို ဒီမိုကရေစီစံနုံးတွေနှင့် ဗုဒ္ဓအလိုတော်ကျ ဆန်းစစ်ကြည့်ရင် ဘုရားရှင် တိုက်ရိုက်ဟောခဲ့တာကို ပါဠိတော်လို့ဆိုပါတယ်၊ပါဠိတော်ကို ထပ်ချဲ့ပြီးရေးခဲ့တာကို အဋ္ဌကထာလို့ ဆိုပါတယ်၊ ဘယ်လို ပင်ဖြစ်စေ ဆရာတော်ကြီးက အဋ္ဌာကထာက ပုံပြင်တခုလို့ဆိုတာကြောင့် ဘုရားဟော တိုက်ရိုက် မဟုတ်ဘူးလို့ နားလည်မိပါတယ်၊လိုရင်းကတော့ သီရိဓမ္မာသောကမင်းကြီးက သံဃာတွေ ညီညွတ်အောင် လုပ်လို့ အမတ် တဦးကို စေခိုင်းရာမှာ အသိဥာဏ်မရှိတဲ့ အမတ်က ဥပုသ်အတူတူမပြုတဲ့ ကောင်းမွန်စွာနေတဲ့ သံဃာများကို သတ်ဖြတ်ခဲ့တယ်၊အမတ်က သူထင်ရာသူလုပ်ခဲ့တာမို့ သူရဲ့တာဝန်ပဲဖြစ်ပါတယ်၊ ဘုရင် ကိုယ်တိုင် မကျူးလွန် တာမို့ ဘုရင်အနေနဲ့ တာဝန်ရှိသူအနေဖြင့် ဆရာတော်များအား သူက သတ်မိန့်မပေး ခဲ့ကြောင်း တောင်းပန် ခဲ့တာပါ၊တကယ်ကတော့ ဘုရင်အနေနဲ့ သတ်မိန့်မပေးခဲ့တာကြောင့် ဘာမှအပြစ် မရှိပါဘူး၊ အပြစ်ရှိတာက သတ်ခဲ့တဲ့ အမတ်မင်းပဲ ဖြစ်ပါတယ်၊အမတ်မင်းကိုယ်တိုင် တောင်းပန်မှသာ အမတ်မင်းဘ၀ အနာဂါတ်သာယာ နိုင်မည်ဖြစ်ပါတယ်၊ရိုးသားတဲ့ ဘုရင်ကြီးမို့သူ့မှာ တိုက်ရိုက်အပြစ်မရှိပေမဲ့ တာဝန်ရှိသူတယောက်အနေနဲ့ တောင်းပန်တာကတော့ ကောင်းတဲ့ အဆင်အလာလို့ဆိုရမှာပါ၊
ဆရာတော်ကြီးများကို ပခုံးပေါ်မှာအပွင့်တတ်လို့ မရလေတော့  ဆရာတော်များအား ဘွဲ့တံဆိပ်ကပ် အပွင့်တပ်ကာ ယပ်တောင်ကြီးတွေမှာ စားလုံးကြီးတွေနှင့် ဘာဆရာတော် ညာဆရာတော်ဆိုပြီး မြောက်ပင့် ထားတယ်၊ကိုင်ထားတဲ့ ယပ်တောင်ပဲ လွတ်မကျအောင် ထိန်း ထားရတာနဲ့ အချိန်ကုန်ရရှာပါတယ်၊ မတော်တရော်လုပ်တဲ့ ကိုယ်တော်တွေနဲ့ ဥပုသ်အတူတူမပြုလို့ သတ်လို့ သေခဲ့ရသလိုမျိုး အခုချိန်မှာလည်း လူထုဆန္ဒ သံဃဆန္ဒနှင့် မကိုက်ညီတဲ့ မတရားတဲ့ အလုပ်တွေကို ဆက်ပြီး မလုပ်ဖို.ရာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာများအား သမ္မတဦးသိန်းစိန်က ဘယ်လိုအမိန့်ပေးခဲ့တယ်မသိဘူး၊ သံဃာနှင့်လူထုကတော့ မီးလောင်တိုက်သွင်း အသတ် ခံရပါပြီ၊၊သီရိဓမ္မာသောကမင်း လက်ထက်မှာ မတော် တရော်လုပ်တဲ့ ကိုယ်တော် များက အသတ်မခံရဘဲ၊ ကောင်းကောင်းမွန်နေတဲ့ သံဃာများပဲ အသက်ဆုံးရှုံးခဲ့ရ တယ်၊အခုခေတ်မှာလည်း တိုင်းပြည်နဲ့သာသနာအပေါ်ကျရောက်နေတဲ့ သာသနာ့အန္တာရာယ်ကာ ကွယ်ရေးကို လုပ်ဆောင်နေတဲ့ ကောင်းမွန်တဲ့သံဃာများပဲ မီးလောင်ဗုံးနဲ့ အပစ်ခံရတယ်၊၊
သီဟိုဠ်ကျွန်းမှာ ဦးဇင်းငယ်လေးက ရဟန္တာပုဂ္ဂိုလ်အား စိတ်နဲ့ပြစ်မှားမိခဲ့တာကို ဦးဇင်းလေးကိုယ်တိုင် ရဟန္တာအား ၀န်ချတောင်းပန်လိုက်လို့ ကျေသွားတယ်ဆိုတာက ဒါကတော့ သဘာဝကြပါတယ်၊ဒီလိုပဲ ဖြစ်ရမှာပါ၊အပြစ်ကျူးလွန်သူတွေကို အပြစ်က လွတ်မြောက်အောင် ကျေသွားအောင် ထာဝရဘုရားက ခံပေးတယ်ဆိုတဲ့ အယူဝါဒမျိုး ဗုဒ္ဓက မဟောခဲ့ပါဘူးဆိုတာရယ် ကိုယ်စားတောင်းပန်တယ်ဆိုတဲ့ သဘောဟာ ဘယ်လိုမှ မကျေနိုင်ဘူးဆိုတာ ကိုယ်တိုင်လုပ်တဲ့ ကံသာလျင်အမိ ကံသာလျင်အဖဆိုတဲ့အတိုင်း ကံ၏ အကျိုးတရားကို ဗုဒ္ဓဘာသာတိုင်း သိနားလည်ပြီးဖြစ်ပါတယ်၊၊
လက်ပံတောင်းတောင်ကိစ္စမှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို ဖျက်ဆီးနေတာဖြစ်တဲ့အတွက် မဟနဆရာတော်ကြီးအနေ နဲ့ဖြင့် ကြေးနီတောင်စီမံကိန်းဒေသကို ဆရာတော်ကြီးများ ကိုယ်တိုင် လာရောက် လေ့လာပြီး ဒေသခံကျောင်းထိုင်ဆရာတော်များနှင့် ရွာသူရွာသားများရဲ့ ဘ၀မှန်ကိုလေ့လာသင့်တယ်၊ လက်ပံတောင်းတောင်မှာ ဖြစ်နေသည့် ပြဿနာ အရင်းအမြစ်ကို ကိုယ်တိုင် လေ့လာ၍ ဒေသခံသံဃာများနှင့် ဆန္ဒပြလူထုအား ဆရာတော်ကြီးများ ကိုယ်တိုင် တွေ့ဆုံ၍ အဖြေရှာခဲ့မယ်ဆိုလျှင် အဖြေကောင်းရနိုင်ပါတယ်၊ ကိုယ်တိုင်မလေ့လာဘဲ တဖက်သတ် စစ်အစိုးရပြောခဲ့တာပဲ ခေါင်းညိမ့်ခဲ့မိရင် သာသနာမှာ ဆက်လက် နစ်နာနေရမည်ဖြစ်ပါတယ်၊၊
ခြောက်လကြာ ဖြစ်နေတဲ့ သံဃာ့ဆန္ဒအရ သပိတ်မှောက်နေတာကို မဟန ဆရာတော်များ သပိတ်စခန်းကို တခါမှ လာရောက်ခဲ့ခြင်းမရှိသလို မီးလောင်းဗုံးနှင့် ပစ်လို့ သံဃာများ ဒဏ်ရာများရလို့ မုံရွာ မန္တလေးစတဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေရပေမဲ့ မဟနဆရာတော်များ တပါးမှ လာရောက်မေးမြန်းခြင်း မရှိ ခဲ့ကြပါဘူး၊သီတဂူဆရာတော်၊ရွေည၀ါ၊ရွှေပါမီတောရ၊ဦးကျော်သူ၊မုံရွာ၊မန္တလေးက လူမူရေးအဖွဲ့ မြို့မိ၊ မြိုဖ များကဘဲ သံဃာများအား ဆေးကုသပေးခဲ့ရတယ်၊ မဟန အဖွဲ့ကြီးဟာ သံဃာများအပေါ် လောက၀တ္တရား အရဖြစ်စေ ဓမ္မ၀တ္တရားအရဖြစ်စေ ဂိလာနရဟန်းများကို စောင့်ရှောက်သင့်ကြောင်းကို ပါဠိတော်များကို အကြိမ် ပေါင်းများစွာဖတ်ခဲ့ပြီးဖြစ်တဲ့ မဟနဆရာတော်ကြီးများဟာ ဗုဒ္ဓစကားထက် ဘယ်သူတွေရဲ့ စကားကို အလေး ထားနေရသလဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်၊၊
မိမိရဲ့ ပုဂ္ဂလအဓိဌာန်အရ ပြောရရင် လက်ရှိ မဟန ဥက္ကဌ ဗမော်ဆရာတော်ဘုရားကြီးအား ကြည်ညိုလေးစား ပါတယ်၊မဟနမလုပ်ဘဲ မန္တလေးမှာနေပြီး မင်းကွန်းတောင်ရိုးမှာ ယခင်တိုင်း စာချနေပြီဆိုရင် ပိုပြီး ကြည်ညိုပါ သည်၊မင်းကွန်း ဓမ္မဒါနတိုက်မှာ တိပိဋကစာဖြေ စာကျက်တွေကို ကွပ်ကဲ၍ (ရှင်တော်ဗုဒ္ဓ၊ရှင်မဟာဗုဒ္ဓဃောသ၊ ဆရာတော် ဦးဗုဓ်) သာသနာ့နယ်ပယ်မှာ ထင်ရှားတဲ့ ဗုဓ်စ၊ဗုဓ်လယ်၊ဗုဓ်အဆုံးထဲက နောက်ဆုံး နန်းမတော် မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ကဲ့သို့ လက်ရှိ ဗမော်ဆရာတော်ကြီးက ပြတ်ပြတ်သားသားနဲ့ ဦးသိန်းစိန် အစိုးရကို သံဃဆန္ဒနှင့် တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့နှင့် လက်ရှိ မဟနအဖွဲ့ကြီးကို လည်း  မဟနအဖွဲ့ ငါတို့အကြိုက်လည်းမဖွဲ့နဲ့ သိန်းစိန်အစိုးရအကြိုက်လည်း မဖွဲ့နဲ့တော့ ဘုရားအကြိုက် ရဟန်းရှင်လူကျောင်းသားပြည်သူများရဲ့ အကြိုက် သံဃဆန္ဒဖြင့်သာ သံဃအားလုံးရဲ့ ကိုယ်စားပြု မြန်မာနိုင်ငံ တိုင်းရင်းသားညီကိုမောင်နှမများ လေးစားကြည်ညိုရအောင် စစ်မှန်တဲ့ သံဃာ့အဖွဲ့ကြီးဖြစ်ဖို့လိုပါတယ်၊ ၂၀၁၅  အထွေထွေရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ ဒီမိုကရေစီရဲ့ စံနမူနာအဖြစ် မဟနအဖွဲ့ကို လက်ရှိ ဗမော် ဆရာတော်ကြီးက ဦးဆောင်ကာ သံဃဆန္ဒနဲ့အညီပြင်စင်ဖွဲ့စည်းလိုက်မယ်ဆိုရင် တတိုင်းပြည်လုံးက သံဃာများက ဆရာတော်ကြီးအား အကြည်ညို ဆုံးဖြစ်မှာသေချာပါတယ်၊၊
သာသနာရေးဝန်ကြီးဋ္ဌာနမှာ နောက်ကြောင်းပြန်သွားချင်တဲ့သူများ ရှိခဲ့ရင် ဦးသိန်းစိန်က တာဝန်ယူဖယ်ရှား ပေးဖို့လိုသလို မဟနအဖွဲ့ထဲမှာလည်း နောက်ကြောင်းပြန်ချင်တဲ့ ကိုယ်တော်ကြီးများအား ဗမော်ဆရာတော်က သုတ်သဉ်ရှင်းလိုက်မယ်ဆိုရင် ဆရာဒကာ လက်တွဲညီစွာ မဟနပြောင်းလိုက်တာနဲ့ တဆက်တည်း တိုင်းပြည် တခုလုံး ဂုဏ်သိက္ခာတက်လာမည်ဖြစ်ပါတယ်၊၊
စစ်မှန်တဲ့ သံဃအဖွဲ့အစည်း မရှိသရွေ့ တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်အလားတူ သံဃဆန္ဒဖော်ထုတ်ပွဲများ ရှိနေမှာပဲဖြစ်ပါတယ်၊ လူထုဆန္ဒမှန် မပါဘဲ အစိုးရကောင်းမရနိုင်သလို၊ သံဃာ့ဆန္ဒမပါဘဲ ဗုဒ္ဓအလိုကျ သံဃအဖွဲ့အစည်းမျိုးမဖြစ်နိုင်ပါဘူး၊ဒီကနေ့ လူပဲဖြစ်စေ ဘုန်းကြီးပဲဖြစ်စေ ခေါင်းဆောင်းလုပ်မယ်ဆိုရင် ကိုယ်ရဲ့ မိသားစုအကျိုးထက်စာရင် တစ်မြို့လုံးရဲ့အကျိုးကို ရှေးရုရမယ်၊တစ်မြို့ထက်စာရင် တတိုင်းပြည်လုံးရဲ့ အကျိုးကို ဦးစားပေးလုပ်တဲ့ စိတ်ဓာတ်မျိုးလိုတယ်၊ကိုယ်ရဲ့ ဘုန်းကြီကျောင်းတခုထက်စာရင် သာသနာတော် တခုလုံးရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ နှလုံးသားမျိုး ကိုယ်ရဲ့ ရင်ဘတ်ကြီးထဲမှာ အမှန်တကယ်ရှိနေပြီလားဆိုတာ သိရမယ်၊မရှိသေးရင်လည်း စိတ်ဓာတ်တွေကို ပြုပြင်ရေးလုပ်ရမယ်၊ လုံလောက်တဲ့ အသိဥာဏ်အတွေးအခေါ်မရှိဘဲ အမတ်ဖြစ်ခဲ့ရင် သို့မဟုတ် ၀န်ကြီးဖြစ်ခဲ့ရင် သီရိဓမ္မာ သောကမင်းလက်ထက်က အမတ်ကဲ့သို့ ကံကြီးကံငယ် အတူတူမဆောင်တာနဲ့ ဘုန်းကြီးတွေကို သတ်ခဲ့တယ်၊ သတ်တော့လည်း ကောင်းမွန်စွာနေတဲ့ သံဃာကို သတ်ခဲ့တာမို့ အသိဥာဏ်မရှိဘဲ မှန်ကန်စွာ စဉ်းစားတတ်တဲ့ ကိုယ်ပိုင်ဥာဏ် မပါခဲ့သည့် အခါမှာလူနဲ့မတူ တိရစ္ဆာန်အလား ရှိုင်းတဲ့ သူများအား လုပ်ပိုင်ခွင့် ရရှိ သွားရင် တိုင်းပြည်မှာ ဆုံးရှုံးနစ်နာမူမျိုးစုံကို ခံစားနေရပြီဆိုတာ မြန်မာပြည်က သက်သေဖြစ်ခဲ့ပါပြီ၊၊
သရုပ်ဖော်ပန်းချီအား ဤနေရာမှာ ရယူပါသည်။

ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု အယ်ဂျာဇီးယား ထုတ်လွှင့်မှု အချိန်ကုန်ခံ ချေပသွားမည်မဟုတ်


ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယားသတင်းဌာနမှ Hidden Genocide ရုပ်သံအစီအစဉ်ကို အချိန်ကုန်ခံချေပသွားမည်မဟုတ်ကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။

''လူမျိုးတုံး သတ်ဖြတ်တယ် ဆိုတာကိုကိုယ့်ဦးနှောက် ဥာဏ် လေးနဲ့ စဉ်းစားဖို့
ပေါ့။ ၁၉၈ဝ ခုနှစ် မှာ အဲဒီလူမျိုးနှစ်သိန်းခွဲ ရှိတာ ကနေ ၂ဝ၁၂ ခု နှစ်ရောက်တော့ ၁ဝ သိန်း ဖြစ်လာတယ်။ ရခိုင်လူမျိုး အားလုံးလည်း အကြမ်းဖက်တာ မ ဟုတ်သလို၊ဘင်္ဂါလီအားလုံးလည်း အကြမ်းဖက်တာ မဟုတ်ပါဘူး။ အုပ်စုနှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် နိုင်ငံရေးမျှော်မှန်းချက်တွေ ရှိတာပဲ၊ အကောင်အထည် ဖော်တဲ့ နေရာမှာ မီဒီယာနဲ့ ရုပ်ပုံ ခြယ်လေ့ ရှိပါတယ်။ မိမိလိုချင်တဲ့ ပုံစံကိုထုတ်လွှင့်တာကို မူတည်ပြီး ချေပသင့်ရင် ချေပမယ်။ မချေပသင့်ရင် အချိန် ကုန်ခံချေပနေမှာ မဟုတ်ပါဘူး''ဟု ဝန်ကြီးက ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ ရှင်း လင်းပွဲတွင် ပြောကြားသည်။

ယင်းကဲ့သို့ သတင်းထုတ်လွှင့် ခြင်းသည် တစ်ဖက်စောင်းနင်းဆန် နေသော ကိစ္စဖြစ်ကာ လိုအပ်ပါက တရားစွဲဆိုနိုင်သည့် အခြေအနေ အထိ ရောက်ရှိသွားနိုင်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါ တီအနေဖြင့် အချက်အလက်များ ကို

အသေးစိတ်လေ့လာပြီး ထုတ် ပြန်ချက် တစ်ခုထုတ်သွားမည် ဖြစ် ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)က ဒီဇင် ဘာလ၁၁ ရက်နေ့တွင်ပြောသည်။

''ရုတ်တရက် နားထောင်တဲ့ အခါ ဘင်္ဂါလီတွေကို ရခိုင်တွေက မီးရှို့သလို၊ သတ်သလို ဖြစ်သွား လိမ့်မယ်၊ အဲလိုဖြစ်အောင် သူတို့က ဖန်တီးသွား ကြတာ၊ ပြကွက်တော် တော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုက်ထား တာဖြစ်ဖို့များတယ်။ အမျိုးသမီးတစ်ယောက်ဆို သူကိုယ်တိုင် က မုဒိမ်းကျင့်ခံရတယ်။ ဘာဖြစ် တယ် ညာဖြစ်တယ် ပြောပြီးကာမှ ဘင်္ဂလားဒေ့ရှ်မှာ ဆေးသွားကု တယ်။ အဲဒီ အမျိုးသမီးက အခု သေသွားပါပြီ ဆိုတာမျိုးတွေပေါ့။ အစအန ဖျောက်ပစ်တာမျိုးပေါ့ဗျာ။ လုပ်ကြံထားတယ်ဆိုတာကိုနား ထောင်တဲ့ ပရိသတ်ကလည်း သိ ပါတယ်။ ဒီဘက်က အစိုးရကပဲ မကောင်းသလိုလို ဒီက ပါတီကပဲ အနိုင်ကျင့်ပြီးကာမှ မောင်းထုတ် ပြီး လူမျိုးတုံးသတ် ဖြတ်နေသလို အစွန်းရောက်တဲ့အကြောင်း ပြော ချင်တာပေါ့။ အခြေအမြစ် မရှိဘဲ ပြောတာဆိုတာမျိုးတွေက လိုအပ် လို့ရှိရင် တရားစွဲတာတို့ ဘာတို့ဖြစ် ကောင်းဖြစ်လာနိုင်တယ်''ဟု ၄င်းက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြန် မာအစိုးရအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် သတင်းထုတ် ပြန်ချက်တစ်ခု ဒီဇင်ဘာ ၆ ရက် နေ့ကထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီများနှင့် ရခိုင် တိုင်းရင်းသားများအကြား အကြမ်း ဖက်မှုသည် စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ပွင့်လင်းမြင်သာမှု ရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ယင်း အကြမ်းဖက်သည့် နေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သံ တမန်များ၊Muslim Aid အဖွဲ့တို့ အပါအဝင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများနှင့် OIC (အစ္စလာမ္မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့)မှ နိုင်ငံခြားရေး ဝန် ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ် များကိုသွားရောက်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစိုးရအနေဖြင့် အကြမ်းဖက်မှုများအား ငြိမ်းချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့ပြီး အသေးစိတ်စုံစမ်းဖော် ထုတ်နိုင်ရန် လွတ်လပ်သည့် စုံစမ်း ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်းထုတ်ပြန်ချက် အရ သိရသည်။

''စုံစမ်းဖော်ထုတ်ဆဲဖြစ်တာ ကြောင့် အထောက်အထားခိုင်လုံပြီး မှ ရှင်းလင်းပေးပါ့မယ်''ဟု ရဲချုပ် ကျော်ကျော်ထွန်းကစာနယ်ဇင်းရှင်း လင်းပွဲတွင်ဝင်ရောက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ မှ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်နေပြီး မြို့နယ် တစ်ခုချင်းစီအလိုက် ဘင်္ဂါလီအဖွဲ့ မှ ကိုယ်စားလှယ်တစ်ဦး၊ ရဲတပ်ဖွဲ့ မှတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က စုစုပေါင်း ၆ ဦးအဖွဲ့ဖြင့် စစ် ဆေးနေကြောင်း လူဝင်မှုကြီးကြပ် ရေးနှ င့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားသည်။

''ကျွန်တော်တို့ကတော့ ကုလ သမဂ္ဂညီလာခံမှာ အစိုးရရဲ့ ကြေ ညာချက်နဲ့ ထပ်တူ ဖြစ်ကြောင်း ကြေညာထားတာရှိပါတယ်။ ကျွန် တော်တို့က ချက်ချင်းကြီးမထုတ်ပြန် တာက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်လေ့လာဖို့ ဘယ်လို အချက်အလက်တွေလဲ၊
ယုတ္တိရှိရဲ့ လား၊ သူတို့က ဘယ်လိုထောက်ပြ သွားသလဲ၊မှန်ရော မှန်ကန်ရဲ့လား၊ သူတို့မထုတ်လွှင့်ခင် ကတည်းက စောင့်ကြည့်ဖို့အတွက် အစည်း အဝေးလုပ်ပြီး ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်းအသေးစိတ် လေ့လာပါ့မယ်။ အခု ပြောတာနဲ့ တော့ တူချင်မှတူတော့မှာ၊ပြကွက် တစ်ခုချင်း တစ်ကွက်ချင်း ပြန်ပြီး ကြည့်သွားမှာပါ။ အားနည်းချက် အားသာချက် ပြန်ထောက်ပြဖို့ တော့ ရှိပါတယ်။ ကြေညာချက် လေးတစ်ခု ထွက်ပါမယ်။ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတာတော့ ကျွန် တော်တို့လက်မခံပါဘူး။ သတ်ဖြတ်
ရလောက်အောင်လည်း ဒီဘက်က ဘာသာဝင်တွေက မရိုင်းပါဘူး။ အတူတူနေဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပဲ။ နောက်ဆုံး ကျရင် မြေပါယူသွားမယ့် သဘောကို လုပ်ကြံထားတာမျိုးပါ။ ဒါမျိုးလုပ်ကြံနေ သမျှ လိမ်ညာနေသမျှပြဿနာကို ပြန်ဆွသလို
ဖြစ်လာတာပေါ့''ဟု ဒေါက်တာအေးမောင်ကထပ်လောင်း ပြောသည်။ ယင်းရုပ်သံထုတ်လွှင့်မှု အတွက် ဒေါက်တာအေးမောင်အား အင်တာဗျူးခဲ့သည့် သတင်းထောက် မှာလန်ဒန်သတင်း ဌာနမှဟုအမည် ခံကာ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ထက် (NYK)

Photo AFP
 
Hmuu Zaw · 5,398 like this
December 6 at 6:57pm ·
The Myanmar Government strongly opposes and rejects the attempt made by Al Jazeera to broadcast the documentary by exaggerating and fabricating the incidents in Rakhine State.

Read More=> http://www.ministryofinformation.gov.mm/index.php/announcement/1591-2012-12-07-01-22-26.html
 

လက်ပံတောင်းအရေးမှာ ပါဝင်ခဲ့တဲ့ ဦးပိုင်



ဦးပိုင်အစ



၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်

းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။



ဦးပိုင်စနစ်



၂။ "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့် လက်ဝါးကြီးအုပ်စနစ်ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင် ဆိုင်သော ကုမ္ပဏီများနှင့်ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သောကုမ္ပဏီများမှာမူ ဤအခွင့်ထူးကို မခံစားရချေ။



ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင် အစုရှယ် ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင် မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။



ရည်ရွယ်ချက်



၃။ တရားဝင်ဖော်ပြထားသော ရည်ရွယ်ချက် (၄) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -



(က) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။



(ခ) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။



(ဂ) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။



(ဃ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။



အမှန်တွင်မူ ဦးပိုင်လီမိတက်ကို န၀တ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ် ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို အသေခံပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။



ချုပ်ပြောရလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ် မိသားစုများ၏ ရာသက်ပန်အကျိုးစီးပွားအတွက် တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင်လုပ်ကိုင်ခြင်းပင် ဖြစ် သည်။



ဦးပိုင်ဖွဲ့စည်းပုံ



၎။ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ဥေဿျှာင်အဖွဲ့ ဖွဲ့စည်းပုံနှင့် ဥက္ကဋ္ဌရုံး (ဒါရိုက်တာ အဖွဲ့) ဖွဲ့စည်းပုံဟူ၍ ဖွဲ့စည်းပုံနှစ်ခုရှိသည်။ ဥေဿျှာင်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် (ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဒုတိယဗိုလ်ချုပ်ကြီးဉာဏ်ထွန်း (ဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ် ချုပ်ကြီးမြတ်ဟိန်း (ဦးစီးချုပ်-လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက် (တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)၊ ဗိုလ်ချုပ်လှ ရွှေ (တွဲဖက်စစ်ရေးချုပ်) တို့ ပါဝင်သည်။ ဥက္ကဌရုံး ဒါရိုက်တာအဖွဲ့တွင် ယခင်က ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ကက ထုတ်) ဖြစ်ပြီး ယခု ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဗိုလ်ချုပ်ဝင်းသန်း (ကက၀ယ်)၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးရုံးများမှ ညွှန်ကြားရေးမှူးများ၊ အရာရှိချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများ ပါဝင်သည်။



ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက် လက်အောက်ရှိ လုပ်ငန်းများအား ဥက္ကဋ္ဌရုံး (ဒါရိုက်တာ)အဖွဲ့ဝင် ပါ ၀င်သော ဗိုလ်မှူးကြီးများ၊ ဒုတိယဗိုလ်မှူးကြီးများမှ မန်နေဂျင်းဒါရိုက်တာများ၊ ဒါရိုက်တာများအဖြစ် တာဝန်ယူဆောင် ရွက်သည်။



စီးပွားရေးဦးပိုင်တွင် တာဝန်ထမ်းဆောင်ကြသော ၀န်ထမ်း (အရာထမ်း/အမှုထမ်း) များ၏ လစာနှုန်းထားများမှာ-



စဉ် ရာထူး လစာ (၁) ရက်ခံစားခွင့်



၁။ အငယ်တန်းစာရေး ၄၇၀၀၀ ၁၈၀၀



၂။ အကြီးတန်းစာရေး ၅၃၀၀၀ ၁၉၀၀



၃။ ဌာနခွဲစာရေး ၆၀၀၀၀ ၁၉၀၀၀



၎။ ရုံးအုပ် ၇၀၀၀၀ ၁၉၀၀



၅။ လက်ထောက်မန်နေဂျာ ၁၂၀၀၀၀ ၂၅၀၀



၆။ မန်နေဂျာ ၁၃၀၀၀၀ ၂၅၀၀



၇။ လက်ထောက်အထွေထွေမန်နေဂျာ ၁၇၀၀၀၀ ၂၇၅၀



၈။ အထွေထွေမန်နေဂျာ ၁၈၀၀၀၀ ၂၇၅၀



၉။ ဒါရိုက်တာ ၁၉၀၀၀၀ ၂၇၅၀



၁၀။ မန်နေဂျင်းဒါရိုက်တာ ၂၁၀၀၀၀ ၂၇၅၀



အငယ်တန်းစာရေးမှ ရုံးအုပ်အထိ ရာထူးများသည် အမှုထမ်းများဖြစ်ပြီး လက်ထောက်မန်နေဂျာနှင့်အထက် ရာထူး များသည် အရာထမ်းများဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် လက်အောက်တွင် တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး၏ လစာမှာ (၄၇၀၀၀) ကျပ်နှင့် တလစားစရိတ်ငွေမှာ (၃၆၀၀၀) ကျပ် (ရုံးပိတ်ရက် ၈ ရက်မပါ) စုစုပေါင်း ၈၃၀၀၀ ကျပ်ရရှိသဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးများထက်ပင် လစာပိုများ နေပါသည်။



မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌမှာ ဗိုလ်ချုပ်ခင်ဇော်ဦး၊ စီးပွားရေးဦးပိုင်လိမိတက်၏ မန်နေဂျင်းဒါရိုက် တာမှာ ဗိုလ်ချုပ်ဝင်းသန်းဖြစ်သည်။ စီးပွားရေးဦးပိုင်လိမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ စိတ်ချရသောလူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကက ၀ယ်မှဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။



ဒုတိယ မန်နေဂျင်းဒါရိုက်တာမှာ ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (DSA 17)၊ ယခင် ဒုတိယဗိုလ်မှူးကြီးမောင်မောင် (DSA 15)၏ နေရာဖြစ်သည်။ ၎င်း၏နေရာသည်လည်း ၀င်ငွေအလွန်ကောင်း၏။ ပစ္စည်းလျှောက်လွှာများအား ၎င်းမှ တဆင့် စီးပွားရေးဦးပိုင်ဥက္ကဌသို့ တင်ပြရသည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းသည် စီးပွားရေးဦးပိုင်၏ အုပ်ချုပ်ရေး ဌာန အကြီးအကဲလည်းဖြစ်သည်။ ၎င်းသည် အုပ်ချုပ်ရေး၊ စီမံရေး၊ ၀န်ထမ်းခန့်ထားရေးနှင့် ပစ္စည်းလျှောက်လွှာများ အား ကိုင်တွယ်ထားသည်။



ရင်းနှီးမြုပ်နှံမှု ပမာဏ



၅။ အစကနဦး အရင်းအနှီးပမဏမှာ ၁၉၉၀ ခုနှစ်ခန့်က ကျပ်ကုဋေတထောင် (သန်း ၁၀၀၀၀) ရှိသည်။ ဗမာပြည် သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်းတခုအဖို့ အကြီးမားဆုံးအရင်းအနှီးအဖြစ် စံချိန်သစ်တင်လိုက်သည်။



ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၉၀၊ အပိုဒ် ၄၊၅၊၆ အရ အရင်းအနှီး၏ ၄၀% ကို ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်ပြီး ကျန် ၆၀% ကို စစ်တပ်အသိုင်းအ၀ိုင်းများက ထည့်ဝင် သည်။



ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး (ကကဝယ်) က ထည့်ဝင်သည့် ၄၀%၊ တနည်း ကျပ် ကုဋေ ၄၀၀ မှာ ပြည်သူ့ဘဏ္ဍာများဖြစ်သည်။အချုပ်ဆိုရသော် စစ်တပ်အ၀န်းအ၀ိုင်းက (တကယ်စင်စစ်အားဖြင့် စစ် တပ်ထိပ်သီးများက) ပိုင်ဆိုင်ခံစားကြမည့် ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ငွေ ကျပ်ကုဋေ ၄၀၀ ကို အတိုး မရှိ ဆွဲသုံးလိုက်ခြင်းဖြစ်သည်။



ကျန် ၆၀% ကို စစ်မှုထမ်းဆဲ နှင့် အငြိမ်းစားတပ်မတော်အရာရှိများ၊ စစ်မှုထမ်းဟောင်းအုပ်စုများ အပါအ၀င် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနှင့် မိတ်ဆွေအဖွဲ့များက ပိုင်ဆိုင်မည်ဖြစ်သည်။



တိုးပွားလာသည့်အရင်းအနှီးများ



၆။ ၂၀၀၇ ခုနှစ်တွင် ဦးပိုင်၌ authorized capital (တရားဝင်သတ်မှတ်သည့်ငွေရင်း-ကုမ္ပဏီက ထုတ်ပေးမည့် အစု ရှယ်ယာများ၏တန်ဖိုး)မှာ ကျပ်သန်းပေါင်း (၄၀,၀၀၀) နှင့် allotted capital (ခွဲဝေသတ်မှတ်ပေးအပ်ပြီးသောအရင်း) ကျပ်သန်းပေါင်း (၃၉,၀၀၀) ရှိသည်။ ဤအထဲတွင် (ကကန) က ကျပ်သန်း ၈၀၀ ကျော် နှင့် ကကဝယ်က ကျပ်သန်း ၃၃၀၊ လက်ရှိစစ်မှုထမ်း ၃ သောင်းခွဲက ကျပ်သန်း ၁၉၀၀ ကျော်၊ တပ်ရင်းတပ်ဖွဲ့ ၁၅၀၀ ခန့်က ကျပ်သန်း ၃ သောင်း ၃ ထောင်ကျော်၊ အငြိမ်းစားစစ်မှုထမ်း ၆၀၀၀ ကျော်က ကျပ်သန်း ၁၂၀၀၊ စစ်မှုထမ်းဟောင်းအဖွဲ့များက ကျပ်သန်း ၄၀၀ ကျော် ပါဝင်သည်။



ဦးပိုင်သို့ထည့်ဝင်ရမည့် ငွေကြေးအချိုးအစားအရ တပ်ကြီးဆိုရင် သိန်း (၁၀၀၀)၊ တပ်ရင်း/ တပ်ဖွဲ့အဆင့် တပ်လတ် ဆိုရင် သိန်း(၃၀၀) မှ (၅၀၀)၊ တပ်ငယ်ဆိုရင် သိန်း (၂၀၀) မဖြစ်မနေ ရည်မှန်းချက်ထား၍ သတ်မှတ်ကာလတခု အတွင်း စုဆောင်းထည့်ဝင်ရမည်ဟု ညွှန်ကြားချက်ရှိခဲ့သည်။ ဤငွေများကို တပ်ရင်းတပ်ဖွဲ့များက ကိုယ့်အစီအစဉ်နှင့် ကိုယ့်နည်းလမ်းအမျိုးမျိုးဖြင့် ရှာကြရသည်။



အမြတ်အစွန်းများ



၇။ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တနှစ်အတွင်း ဦးပိုင်လီမိတက်သည် အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းခန့် ရှာဖွေ နိုင်ခဲ့သည်။ ဦးပိုင်လီမိတက် ကုမ္ပဏီအားလုံးပေါင်းလိုက်လျှင် ဒီ့ထက်များသည်။ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်ကမူ ၃၀% အမြတ်ငွေပြန်ရခဲ့သည်။



သို့သော် သိန်း ၁၀၀၀ အောက်ရှယ်ယာဝင်ထားသည့် တပ်ဖွဲ့များအတွက် တနှစ်လျှင် (၁၂%) အမြတ်ငွေခွဲပေးသည်။ သိန်း ၁၀၀၀ နှင့်အထက် ရှယ်ယာဝင်ထားလျှင်မူ ၂.၅% သာ အမြတ်ခွဲပေးသည်။ ဤအမြတ်ငွေကို သက်ဆိုင်ရာ တပ်မှူးက မိမိ၏တပ်ရင်းတပ်ဖွဲ့အတွက် လိုအပ်သလိုသုံးစွဲနိုင်သည်။ ဥပမာ ယူနီဖောင်း၊ မူကြိုကျောင်း၊ စစ်ဖိနပ် စသဖြင့်။ သို့သော် လွန်ခဲ့သည့် ၅ နှစ်ကတည်းက တပ်ရင်းတပ်ဖွဲ့များသို့ ပေးရမည့်အမြတ်ငွေများအား မပေးတော့ဘဲ ပြန်လည်ရင်းနှီးမြှုပ်နှံရန်အတွက် ထားရှိကြောင်း သိရသည်။



အချို့တပ်ရင်းတပ်ဖွဲ့များမှာ စီးပွားရေးကြပ်တည်းမှုကြောင့် အချိန်မှီပေးသွင်းရန်ခက်ခဲနေရာမှ တပ်မတော်သားတို့၏ ဘဏ်စုငွေများကို လက်လှည့်ယူငင် ပေးသွင်းမှုများ လုပ်ခဲ့ကြသည်။ တပ်မတော်သားတို့ကလည်း စီးပွားရေးအခက် အခဲကြောင့် ဘဏ်စုငွေများ ပြန်ထုတ်လိုသည့်အခါ မပေးနိုင်ဖြစ်ပြီး တပ်တွင်းအမိန့်ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဥပမာ-တပ်မ ၁၁။ ဘဏ်စုငွေများကို ဦးပိုင်အတွက် ခေါင်းစဉ်ပြောင်းသုံးမှုအပြင် တပ်မှူးနှင့်တပ်ထောက်တို့က အလွဲသုံးစားမှု များကြောင့်လည်း တပ်တွင်းမကျေနပ်မှု ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဦးပိုင်မှရသည့်အမြတ်ငွေများကို အလွဲသုံးစားမှုများ လည်း ရှိလာသည်။



ဦးပိုင်လုပ်ငန်းများ



၈။ ဦးပိုင်၏လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည် (၂၀၀၇ စာရင်း)-



- ဦးပိုင်က အပြည့်အ၀ပိုင်သည့်လုပ်ငန်း။ ၃၅ ခု



- ဦးပိုင်နှင့်ဖက်စပ်ပိုင်လုပ်ငန်း။ } ၇ ခု



- ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေသည့်လုပ်ငန်း။}



- ဦးပိုင်၏လုပ်ငန်းခွဲများ။ ၉ ခု



- ဦးပိုင်နှင့်ချိတ်ဆက် (သို့မဟုတ်) ဦးပိုင်မှ ဘဏ္ဍာငွေထောက်ပံ့ထားသည့် စီမံကိန်းများ ဟူ၍ ခွဲခြားနိုင်သည်။



အချုပ်ဆိုရသော် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတက်တွင် ရာနှုန်းပြည့်ထောက်ပံ့ထားသော ကုမ္ပဏီလုပ် ငန်းများ နှင့် အကျိုးတူဖက်စပ်ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။



လုပ်ငန်းအမျိုးအစားများမှာ ကျောက်မျက်ရတနာတူးဖော်ရေး၊ရွှေသတ္ထုတူးဖော်ရေး၊ ခဲသတ္တုတူးဖော်ရေး၊ အထည်ချုပ် စက်ရုံ၊ သစ်နှင့်သစ်အခြေပြုလုပ်ငန်း၊ စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်တိုက်ကြီး များ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြေးနန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ပစ္စည်း၊ ကွန်ပျူတာ၊ ဆောက်လုပ်ရေး၊ ခြံမြေအရောင်းအ၀ယ်၊ သံမဏိစက်ရုံ၊ ဘိလပ်မြေထုတ်လုပ်ရေး၊ ဆီအုန်း စိုက်ပျိုးရေး၊ သကြားစက်၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ မော်တော်ကားစက်ရုံ၊ အလှကုန်နှင့် စာရေးကိရိယာဆိုင်များ စသည်တို့ ပါဝင်သည်။



ကုမ္ပဏီအမည်များ



မြန်မာ့ပတ္တမြားလုပ်ငန်း၊ World Precious Gem Co. Ltd.၊ နီလာရိုးမကုမ္ပဏီ၊ အာရှအဖိုးတန်ကျောက်မျက် ကုမ္ပဏီလီမိတက်၊ မြန်မာစည်သူရတနာကုမ္ပဏီ၊ ဇော်ဇော်ကုမ္ပဏီ၊ ရှမ်းရိုးမ ကုမ္ပဏီ၊ ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်း (မိုးကုတ်-မိုင်းရှူး-နန်းယား)၊ သပိတ်ကျင်း ရွှေသတ္ထုတူးဖော်ခြင်းလုပ်ငန်း၊ မော်ချီး ခဲသတ္တုတူးဖော်ခြင်း လုပ်ငန်း။ မြန်မာ အင်ပီရီယယ်ဂျိတ် ကုမ္ပဏီ လိမိတက်၊ ရှယ်ယာမိသားစုကုမ္ပဏီ လီမိတက်၊ Gold Gade Gems Co.၊ နီလာရိုးမ ကုမ္ပဏီလီမိတက်၊ ဆားမှော်ကျောက်စိမ်းတူးလုပ်ငန်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း။ Myanmar Jade International (ကျောက်စိမ်းရောင်း (ဟောင်ကောင်))၊ ပျဉ်းမပင်စက်မှုဇုံ။



အထည်ချုပ်စက်ရုံများ

Myanmar Segye International Ltd., Myanmar Daewoo International Ltd., Myanmar Unimix International Ltd, Hwa Fhu International Ltd.



မြန်မာ့မြေယာနှင့်ဖွံ့ဖြိုးရေးလီမိတက်

စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်း၊ Rothmans of Pall Mall Myanmar Pte. Ltd.



Red Ruby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊ မြ၀တီကုန်သွယ်ရေးကုမ္ပဏီ? စီးကရက်ဖြန့်ဖြူးရေးလုပ်ငန်း၊ ဘီယာဖြန့်ဖြူးရေး လုပ်ငန်း၊ စားသုံးဆီ၊ ဓာတ်ဆီ၊ ဒီဇယ်၊ မော်တော်ကား၊ သံမဏိ တို့တင်သွင်းခြင်းလုပ်ငန်း၊ ပဲနှင့်ပဲမျိုးစုံ၊ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ စီးကရက်နှင့် ဘီယာဗူးများ တင်ပို့ခြင်း လုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်း မြဝတီဘဏ်



ဗန္ဓုလသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပါရမီပို့ဆောင်ရေး၊ ရှမ်းမလေး၊ ရွှေမန်းသူ၊ ပုသိမ်သူ၊ ဘတ်စ်ကားလိုင်းလုပ်ငန်း၊ အဝေးပြေးခရီးသည် လုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြ၀တီခရီးသွားလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ န၀ဒေးဟိုတယ်နှင့် ခရီးသွား လီမိတက်၊ Central Hotel, Ngwe Saung Beach Hotel, Mogok Motel, န၀ဒေး ဟိုတယ်နှင့်ခရီးသွား အေဂျင်စီ၊ ဟော်တယ်နှင့် ခရီးသွားလုပ်ငန်း



မြန်မာဘရူဝါရီလီမိတက်၊ Singapore – Fraser & Neave ကုမ္ပဏီ၊ ဘီယာနှင့် အရက်ချက်လုပ်ငန်း(မြန်မာဘီယာ၊ အေဘီစီစတောက်ဘီယာ၊ တိုက်ဂါးဘီယာ)၊ Myanmar Posco Steel Co. Ltd.၊ တောင်ကိုရီးယား ပိုဟွန်နှင့်သံမဏိ ကုမ္ပဏီ၊ Myanmar Nouveau Steel Co. Ltd.(သွပ်ပြားလုပ်ငန်း)၊ Myanmar Nouveau Co Ltd (ကျောက်မျက်အချောထည်ပစ္စည်းများ ထုတ်လုပ်ရေး)၊ Myanmar Cement Co., Indonesia – P.T. Semen Cibninong & P.T. Prima Comexindo

ဘိလပ်မြေထုတ်လုပ်ရေး(ဆင်မင်းဘိလပ်မြေစက်ရုံ၊ ကျေက်ဆည်)



ဟံသာဝတီ ဂေါက်ကွင်းနှင့် မြို့တော်ကလပ်၊ ပဲခူးဒေသ ဟော်တယ်နှင့် ဂေါက်ကွင်းလုပ်ငန်း၊ Mercury Manufacturing Co. Ltd. (ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း)၊



Myanmar Samgong Industrial Co. Ltd., South Korea - Samgong Industrial Co. (ရာဘာလှေထုတ်လုပ်ရေး)၊ Korean Gas Company with Daewoo (ဓာတ်ငွေ့)၊

Mamee Double Decker Ltd. (မလေးရှား-မာမီးကုမ္ပဏီ)၊ အော်တိုခေါက်ဆွဲထုပ်လုပ်ငန်း၊ Myanmar Tokiwa Corporation (ခဲတန်နှင့်အလှကုန် ပစ္စည်းများ ထုတ်လုပ်ရေး)၊ Myanmar Kurosawa Trust Co. Ltd. (လက်ဝတ်ရတနာလုပ်ငန်း)၊ Diamond Dragon Co. Ltd., Berger Paints Manufacturing Ltd., Singapore – Berger International

အိမ်သုတ်ဆေးထုတ်လုပ်ရေး



The First Automotive Co. Ltd., Isuzu, Mitsugi (မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း)၊ Suzuki (မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်း)၊ Myanmar Forward Support Co. စင်္ကာပူ– SKS Marketing Pte. (ကုန်သွယ်ရေးနှင့်ကုန်ပစ္စည်းတင်ပို့ လွှဲပြောင်းရေး)၊ NTCY Fair Price Cooperative Ltd (ကုန်တိုက်ကြီးများနှင့်ကုန်ပစ္စည်းများ တင်သွင်းရေး)၊



မြန်မာရာဘာဝုဒ် ကုမ္ပဏီလိမိတက်၊ သစ်အချောထည်လုပ်ငန်း(မော်လမြိုင်)၊ တော်ဝင် ပလပ်စတစ် ရက်ထည်အိပ် စက်ရုံ၊၊ တော်ဝင်ပလပ်စတစ် လူသုံးကုန်စက်ရုံ၊ ပီနံအိတ်လုပ်ငန်း၊ ပလပ်စတစ်ပစ္စည်းလုပ်ငန်း (ကျောက်ဆည်)၊ ဂရင်းနိုက် ကျောက်ပြား စက်ရုံကျောက်ပြားလုပ်ငန်း(ကျောက်ဆည်)၊



ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီ၊ ကြက် ငါး ပုဇွန်မွေးမြူရေးနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငှက်သိုက် ထုတ်ယူခြင်း လုပ်ငန်း၊ ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်း၊



မြန်မာ နာနတ်ရည်လုပ်ငန်း(ပဲခူး)၊ ဆာလဖြူရစ် အက်စစ်စက်ရုံ(မုံရွာ)၊ သကြားစက်ရုံ (ဥက္ကံ)၊ (အင်းငါးခွ)၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်)၊ မြ၀တီ သောက်ရေသန့်လုပ်ငန်း၊



မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း



၉။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (မစက)သည် စစ်တပ်မှ စီမံခန့်ခွဲလုပ်ကိုင်သည့် စီးပွားရေးအဖွဲ့အစည်း နောက်တခု ဖြစ်သည်။ ၎င်းသည် တပ်မတော်၏အလျှို့ဝှက်ဆုံး စီးပွားရေးအဖွဲ့အစည်းတခု ဖြစ်ကောင်းဖြစ်မည်။ ၁၉၈၉ ခု မတ်လတွင် န၀တ အစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ဤဥပဒေအရ စီးပွားရေး လုပ်ငန်း ၁၂ ခုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် အစိုးရ၌သာ အခွင့်အရေးရှိသည်၊ သို့သော် တခြား လူပုဂ္ဂိုလ် သို့မဟုတ် တခြားအဖွဲ့အစည်းတခုခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်သည်ဟု ဖော်ပြပါရှိသည်။



၁၉၉၇ ခု မတ်လတွင် နိုင်ငံတော်မှ ငွေကြေးမထည့်ဝင်ဘဲ ဝန်ထမ်းအဖွဲ့အစည်းတခုခုက အဆိုပါလုပ်ငန်းများကို လုပ် နိုင်သည်ဟု ဥပဒေကိုပြင်ဆင်ပြီးနောက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ထူထောင်ခဲ့သည်။ တရားဝင်ထုတ်ပြန် သည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးရန်အလို့ငှာ တပ်မတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ကာကွယ်ရေးအသုံးစရိတ် လျှော့ချရန်၊ တပ်မတော်စစ်မှုထမ်းများ၏ သက်သာချောင်ချိရေးကို လုပ်ဆောင်ရန်နှင့် တပ် မတော်အတွက် အခြားလိုအပ်သော ကိစ္စရပ်များအကောင်အထည်ဖော်ရန် ဟူ၍ဖြစ်သည်။ (မစက) ကို စစ်ထောက် ချုပ် ဗိုလ်ချုပ်ဝေလွင် ရုံးအောက်တွင်ထားရှိသည်။ (မစက) ၏ ကနဦးရင်းနှီးမြှုပ်နှံမှုမှာ ကျပ်ငွေ (၁၀) ဘီလျံရှိသည်။



စက်ရုံများ



သံမဏိစက်ရုံ (အောင်လံ) (မြောင်းဒကာ) (အင်းစိန်ရွာမ) (မြင်းခြံ)၊ ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) (ကျောက် ဆည်)၊ စကျင်ကျောက်ပြားစက်ရုံ (မန္တလေး)၊

ဂရင်းနိုက်ကျောက်ပြားစက်ရုံ (လွိုင်ကော်)၊ အောက်ဆီဂျင်စက်ရုံ (ရန်ကုန်)၊ သကြားစက်ရုံ (ကန့်ဘလူ) (တောင်စဉ်အေး) (အောင်လံ) ၊ မက်သနောစက်ရုံ (ကန့်ဘလူ)၊ အမိုးပြားစက်ရုံ (အင်းတကော်)၊ ရန်ကုန်ဆေးဝါးစက်ရုံ (မှော်ဘီ)၊ ဒဂုံဘီယာချက်စက်ရုံ (ရွှေပြည်သာ)၊ SIGMA ဝါယာစက်ရုံ (လှိုင်သာယာ)၊ ကျောက်မီးသွေးစက်ရုံ (မောတောင်)၊ ဂေါဒန်မိုင်း (သီပေါ) (ထုံးဘို)၊ သစ်အချောကိုင်စက်ရုံ (စစ်ကိုင်း)၊



အင်းဝဘဏ်၊ အင်းဝထရေးဒင်း၊ မြန်မာ အပြည်ပြည်ဆိုင်ရာအာမခံ ကော်ပိုရေးရှင်း၊



ရတနာချင်းတွင်းသတ္တုတွင်းကုမ္ပဏီ၊



Northern Star Minerals Production & Trading Co., Ltd.၊ (သင်္ဘောဖျက်စက်ရုံ (သီလဝါ))၊ ကုန်စည်ခန့်ခွဲခြင်းလုပ်ငန်း (ရန်ကုန်)၊ Tyazhpromexport Co., Ltd., Daniele Corp, Italian-Thai Corp., Daewoo International Corp., Myanmar Hyosing Corp. (SK Network Corp.), Hyosung Singapore Pte. Ltd., Kawasaki Plant Systems Ltd., Sinaran Corp., Grade Nine Co., Ltd., Myanmar Tractors Ltd., YMCC Yunnan, K-Y Kyaw Kyaw Co., Ltd., Zuri Co., Ltd., Moon Ray Co., Ltd., VSV Asia Co., Ltd., Superium Enterprise Co., Ltd., JFE Co., Ltd., Marubeni Co., Ltd., Sojit Co., Ltd., Polyice Co., Ltd, GMT Co., Ltd., Golden Star Co., Ltd., PEG Co., Ltd., Diethelm Co., Ltd., MCM Chem Tech Co., IE Petroleum Products Co., Ltd., Flying Sun Moon Co., Tractors World Co. KSS, ဒဂုံဝင်းဝင်း၊ သံလွင်၊ မြန်မာကိုင်ဒို၊ ငွေဆင်



သံမှို တံတားဘောင် သံဆူးကြိုး သံရိုင်း ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကုန်သွယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့်ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ထုတ် လုပ်ရေး၊ ဟော်တယ်လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်း



အခြားစီးပွားရေးလုပ်ငန်းမျာ



၁၀။ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး တို့ကလည်း တရားဝင်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။



ကကနက်၊ ကကပံ့၊ ကကပြည်၊ တပ်မတော် ချည်မျှင်စက်ရုံ (မိတ္ထီလာ)၊ တပ်မတော် အထည်ချုပ်စက်ရုံ (မင်္ဂလာဒုံ)၊ တပ်မတော် မိုးရေကာဖျင်စက်ရုံ (သမိုင်း)၊ တပ်မတော် ရှူးဖိနပ်စက်ရုံ (သမိုင်း)၊ တပ်မတော်ချည်မျှင်စက်ရုံ (သမိုင်း)၊တပ်မတော်ဘောလုံးစက်ရုံ (မှော်ဘီ)၊ တပ်မတော်သတ္ထုပစ္စည်းစက်ရုံ(အုတ်ကျင်း)၊ တပ်မတော် သားရေစက်ရုံ (မန္တလေး)၊ တပ်မတော် ဆေးဝါးစက်ရုံ (မှော်ဘီ) ၊ တပ်မတော် လ္ဘက်စက်ရုံ (နမ့်ဆန်) (သံတောင်) (ရန်ကုန်)၊ တပ်မတော်စည်သွပ်စက်ရုံ (မန္တလေး)(သံတွဲ)၊ တပ်မတော် ပုဇွန်ငါးပိနှင့်ငါးချဉ်စက်ရုံ (မှော်ဘီ)၊ တပ်မတော်ဘီစကွတ်နှင့်ခေါက်ဆွဲစက်ရုံ(မှော်ဘီ)၊ တပ်မတော်ရမ်စက်ရုံ (ရွှေပြည်သာ)၊ တပ်မတော်ဂျုံမှုန့်စက်ရုံ (သြဘာ)၊ ပျဉ်းမပင် နို့ထွက်ပစ္စည်းစက်ရုံ၊



မြဝတီပုံနှိပ်တိုက်၊ မြဝတီရုပ်သံ



၁၁။ အဆင့်အသီးသီးရှိ တပ်ရင်းတပ်ဖွဲ့များသည် စီးပွားရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင် လုပ်ကိုင်နေကြ သည်သာမက တိုးချဲ့၍ပင် လုပ်ကိုင်နေကြသည်။ အောက်ခြေအဆင့်တပ်ဖွဲ့များ၌ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြား အိမ်တွင်းမှုလုပ်ငန်း စသည့် သာမန်စီးပွားရေးလုပ်ငန်းများအပြင်၊ အချို့တပ်ရင်းများသည် ရေခဲစက် သို့မဟုတ် ကုန်း လမ်းသယ်ယူပို့ဆောင်ရေး စသည့် အငယ်စားလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသည်။ တပ်ပိုင်အဆောက်အဦး၊ လျှပ်စစ်ဓာတ်အားသာမက ကုန်တင်ကားများကိုပင် စီးပွားရေးလုပ်ငန်းအတွက် ငှားရမ်းသည့်ကိစ္စ အများအပြား ရှိ သည်။



၁၂။ သို့သော် အကျိုးခံစားခွင့်ရရှိသည့် တပ်ရင်းတပ်ဖွဲ့များအကြား နေရာအတော်များများ၌ ကွာဟမှုရှိပုံပေါ်သည်။ ထောက်ပံ့မှုများတွင် အဆမတန်ကွာဟမှုရှိသည်။ တချို့တပ်ရင်းတပ်ဖွဲ့များသည် လစဉ်ထောက်ပံ့ငွေ အတော်အတန် ကောင်းမွန်စွာပေးနိုင်ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ တပ်ရင်းတပ်ဖွဲ့များမှာမူ ငွေသားထောက်ပံ့မှုမှာ အနိမ့်ဆုံးလိုအပ်ချက် ဖြည့်ဆီးနိုင်ရန်ပင်ခက်ခဲလှသည်။ ၂၀၀၀ ခုနှစ်တွင် ၁၅၀၀ ကျပ်မျှသာ ထောက်ပံ့နိုင်ပြီး ၂၀၀၃ ခုနှစ်တွင် ကျပ် (၃၀၀၀) သာ ထောက်ပံ့နိုင်သည်။



ဤဖြစ်ရပ်များမှာ အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို စတင်ခြိမ်းခြောက်နေပြီး၊ တပ်ရင်းဘားတိုက်များတွင် လိုင်စင်မဲ့ ကားများထားပေးခြင်း သို့မဟုတ် စစ်ထရပ်ကားများဖြင့် မှောင်ခိုကုန်များသယ်ယူပေးခြင်း စသည့် ဥပဒေပြင်ပစီး ပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် တပ်ရင်းတပ်ဖွဲ့များကို အားပေးနေခြင်းလည်း ဖြစ်သောကြောင့်၊ တပ် မတော်ခေါင်းဆောင်ပိုင်းများက တသီးပုဂ္ဂလစီးပွားရေးလုပ်ငန်းများ ရပ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။



၁၃။ "၀န်ကြီးဌာနများနှင့်ဦးစီးဌာနများသည် ၀န်ထမ်းသက်သာချောင်ချိရေးအကြောင်းပြပြီး ရံပုံငွေရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းရတော့မည်မဟုတ်။ ၂၀၀၃ ခုနှစ်ဒီဇင်ဘာလမှစ၍ ၀န်ထမ်းအားလုံးအတွက် အစိုးရက တဦးလျှင် ကျပ် ၅၀၀၀ လစဉ်အပိုဆောင်းငွေပေးထားပြီးဖြစ်သည့်အတွက် ဤနှစ်ကုန်တွင် စီးပွားရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းကြရန်" ဟု ၂၀၀၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့၊ ကက်ဘိနက်အစည်းအဝေး၌၊ ဗိုလ် ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ချက်ပေးခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှလွဲ၍ စီးပွားရေးလုပ်ငန်းအားလုံးနှင့် တပ်ရင်းရံပုံငွေနှင့်ဆက်စပ်သည့် တရားဝင်ပိတ်ပင်ထားသည့်လုပ်ငန်းများကို ၂၀၀၄ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အဆုံးသတ်ရန် ဒီဇင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်တပ်ရင်းတပ်ဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်သည် စီးပွားရေးလုပ်ငန်းအချို့အား ၀န်ကြီးဌာနများ သို့မဟုတ် အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးရန်နှင့် မလွှဲပြောင်းသည့်လုပ်ငန်းများအားလုံး ဖျက်သိမ်းပစ်ရန် ဖြစ်သည်။



မြန်မာ့စီပွါးရေးဦးပိုင်လီမိတက်နှင့်နိုင်ငံတော်ဘဏ္ဍာ



၁၄။ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီအဖွဲ့ဝင် နှင့်ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးအရာရှိချုပ်) မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှ အတိုးရောအရင်းပါရရှိခဲ့သည်။ နောက်ပိုင်းလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ပါသည်။ ရရှိသောငွေများကို ထိုင်းနှင့်စင်္ကာပူရှိ မြန်မာသံရုံးများ၏ သံတမန် အခွင့် အရေးအောက်တွင် သီးခြားဘဏ်ငွေစာရင်းများဖွင့်၍ သဘာဝဓာတ်ငွေ့မှရသောငွေများကိုသွင်းရသည်။ အဆိုပါသီး သန့်ဘဏ်ငွေစာရင်းများကို ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ကာ မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူရသည်။



အဆိုပါဘဏ်ငွေစာရင်းများမှ စစ်တပ်နှင့်ပတ်သက်၍ လေယာဉ်များအပါဝင်အဆင့်မြင့်လက်နက်ကြီးငယ်များ၊ အနုမြူ နှင့်ဒုံးလက်နက်ကိစ္စများကို မြန်မာ့စီပွားရေးဦးပိုင်လီမိတက်က စစ်တပ်အတွက် ဝယ်ယူပေးရသည်။ သုံးစွဲခွင့်အမိန့် အာဏာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှပေးကာ ချက်လက်မှတ်ကို ဒုတိယဗိုလ်ချုပ်ကြီးတင်အေးက ထိုးပေးရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပါဘဏ်ငွေစာရင်းများမှ လွှဲပြောင်းပေးသည်။ ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာကို မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ထိမ်းထားသည့်သဘောဆောင်သည်။ တနည်းဆိုရသော် မြန်မာ့စီပွားရေးဦးပိုင်လီမိတက် သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်သလို ငွေကိုသုံးနိုင်ရန် စာရင်းစစ်၍မရသော အဖွဲ့စည်းတခုဖြစ်နေပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားသော စီးပွားရေးလက်ကိုင်ဒုတ် တခုလည်း ဖြစ်သည်။



မောင်တင့်တယ်



မှတ်ချက်၊ ဂါမဏိ facebook မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
 




Sunday, December 2, 2012

ကူညီပါရစေ >>>> တောင်းပန်ပါရစေ ဖြစ်သွားရတဲ့ လက်ပံတောင်းမိုးရွာစေခဲ့သူများ


 http://www.bbc.co.uk/burmese/multimedia/2012/12/121130_letpadaung_dassk_pg.shtml



ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်ကြိးကို မြို့နယ် နေရာနေတော်တော်များများတွေ့ခဲ့ ကြမှာပါ

အခုတော့ တောင်းပန်ပါရစေတဲ့ဗျာ သံဃာတော်တွေက ခွင့်လွှတ်သည် ထားဦး

လောကဓမ္မက ခွင့်လွှတ်ပါ့မလား ?

ကျနော်မြင်မိတာတခုပေါ့ဗျာ ပြောချင်တယ် တကယ်တောင်းပန်မယ်ဆိုရင် ဆေးရုံပေါ်မှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေကို တောင်းပန်ပါလား အခုတော့ ခေါင်းဆောင်ပိုင်းက ဆရာတော်ကြိးတွေကို သွားပိး တောင်းပန်ရုံနဲ့ အဲဒီ ဆေးရုံတက်နေရတဲ့ သံဃာတော်တွေအတွက် စိတ်ပူနေတဲ့သူတွေက ခွင့်လွှတ်မှာတဲ့လား

အပိုတွေလုပ်ပြနေမယ့်အစား မြန်မာလူမျိုးပီသစွာ ရဲရဲဝံ့ဝံ့ မတောင်းပန်ချင်ကြဘူးလား
ဆရာတော်ကြီးတွေပင့် တခမ်းတနားလှူပီး ဆေးရုံပေါ်က သံဃာတော်တွေအတွက်ကျတော့ ဆေးလာလှူတဲ့သူကိုတောင် လက်မခံဘူးဆိုတော့ ဒါက အောက်တန်းမကျလွန်းဘူးလားဗျာ

ရင်နာမိပါတယ်

လက်ပံတောင်းတောင်မှ ဒဏ်ရာရရှိတဲ့ သံဃာတော်များ ကျန်းမာပါစေဟု မေတ္တာပြု ဆုတောင်းလျက်

နတ်ဆိုးသားလေး

Saturday, December 1, 2012

လှူချင်တာတောင် လှူလို့မရဘူးတဲ့ ဒါလား မြန်မာလူမျိုး

တကယ်ပါဗျာ မြန်မာလူမျိုးတွေ စိတ်ဓာတ် အဲလောက်အောက်တန်းကျနေပီလား၊ ဒီမိုကရေစီဆိုတဲ့ နိုင်ငံတော်ကြီးက ကိုယ်ဘာသာလှူချင်တာတောင် လှူခွင့်မပြုဘူးတဲ့လား
 ဒါဆို ဒီမိုကရေစီဆိုတာ ဘာလဲ ဦးသိန်းစိန်ကအစ ပြန်သင်ရဦးမယ်ထင်တယ်
ဘာသာတရားကို အလေးမထားတော့ဘူးလား
လူ့အသက်တချောင်းကယ်ကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားတောင်ရှိတယ်ဗျာ
ဒါက ရိုးရိုးလူတွေမဟုတ်ဘူး ဘုရားသားတော် သံဃာတွေဗျ ပိုတောင် မွန်မြတ်ပါတယ်ဗျာ
 ဆရာဝန်တွေကလဲ ဘာဆရာဝန်တွေလဲဗျာ ဆေးဖိုးနဲ့ ၀ါးခ ပါမှ ကုပေးချင်ကြတာလား
 အထက်က အစိမ်းရောင် ရေခွံခြုံထားတဲ့ ခွေးတွေ အူသံကြားမှ ကုပေးချင်တာလားဗျာ



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ သပိတ် စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှု အတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်း သံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေ အတွက် အာဏာပိုင်တွေ ဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ  ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့  မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။