Monday, April 7, 2014

BlueStacks (ခေါ်) Computer ပေါ်က Android ဖုန်း ထဲက apk တွေကို computer ထဲ ဘယ်လိုရွှေ့မလဲ

တခါတရံ ရုံးမှာ ဖုန်းနဲ့  Wifi မသုံးရလို့ Apk တွေ ဒေါင်းချင်တယ်
တချို့ apk ကျတော့လဲ  Computer ကနေ ဒေါင်းမရပဲ Android ပေါ်က 1mobile, blackmarket တို့ကနေ ဒေါင်းမှ apk အစစ်ရတာမျိုးတွေ ရှိပါတယ်
အဲဒီအခက်အခဲကို ကျနော် အခုပေးတဲ့ နည်းလမ်းလေးက ဖြေရှင်းနိုင်မှာပါ





ဟိုးအရင်က ကျနော် စမ်းသပ်ခဲ့ဖူးပါတယ်
BlueStack ဟာ ကွန်ပြူတာပေါ်မှာ Run ထားပေမဲ့ ဘယ်လိုမှ ဖိုင်ကူးမရတဲ့ အခြေအနေမျိုးပါ
(ပြောရရင်တော့ သေးသေးလေးတုန်းကပေါ့)
အခု ကျနော့ လက်စွဲတော် ES Explorer ပေါ်လာတဲ့အချိန်မှာတော့ အရာအားလုံးက ကျနော်ဘက်မှာပါ :3
Bluestack ထဲမှာ ES Explorer ကိုသွင်းဖို့ computer က အင်တာနက်တော့ရှိရပါမယ်
ဒါက အရေးကြီးဆုံးပါ :3
ES Explorer ကို ဒေါင်းပီး install လုပ် ပီးတာနဲ့ ဖွင့်
SD Card>>bstfolder ဆိုတာ ရှိပါတယ်

အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ computer ထဲက User Libraries ထဲမှာ ရှိတဲ့ Picture, music, photo, document အစရှိသဖြင့်ပေါ့ဗျာ အဲ folder တွေပါ

Bluestacks application လေးကို လိုချင်တယ်ဆိုရင်တော့ http://www.bluestacks.com/ မှာသာ တိုက်ရိုက်သွားဒေါင်းကြပါခင်ည :D

ဘယ်လိုပြောင်းမလဲတော့ မမေးပါနဲ့  Copy >> paste ကတော့ လူတိုင်းလုပ်တတ်လောက်ပါတယ်နော် :3 >>>>>>>>
PS; myanmar font ထည့်ဖို့ကြိုးစားတာတော့ မအောင်မြင်သေးပါဘူး Root ဖောက်ဖို့လဲ မရသေးဘူး blackmarket တို့လို unofficial ဖြစ်တဲ့ ဟာမျိုးတွေကိုလဲ ပေးမrun ပါဘူး

ကြိုးစားလျက်

*မောင်အောင်လေး*



No comments:

Post a Comment