Friday, November 30, 2012

MPT ရဲ့ သုံးစွဲခကောက်ခံမှု ဈေးနှုန်းသစ်ကို ပြန်လည်တိုက်ခိုက်ခြင်း

မဆိုးပါဘူး စမ်းသုံးကြည့်တာ သုံးရတာလဲတော်တော်လွယ်ကူပါတယ် မလွယ်တာကတော့ ဈေးနှုန်းဗျို့ စမ်းသုံးကြည့်ပါ မျက်လုံးပြူးသွားစေရမယ် MPT ရဲ့ ဈေးနှုန်းအသစ်ကို

မြန်မာနိုင်ငံရှိ mobile internet များကို data plan ဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် mo

bile ဖြင့် internet အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုသော data amount ကို အလွယ်တကူ သိနိုင်မည် မဟုတ်ပါ။ ထိုအခက်အခဲကို Myanmar Hub ၏ Internet Usage Monitor(IUM) ကို အသုံးပြုခြင်းဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ IUM ကို အသုံးပြုခြင်းဖြင့် အင်တာနက် အသုံးပြုခကျသင့်ငွေ Data အသွားအပြန်ပြုလုပ်သည့် ပမာဏ တို့ကို အလွယ်တကူ ကြည့်ရှု့နိုင်မည် ဖြစ်သည်။ ထို့အပြင် အင်တာနက် အသုံးပြုခနှုန်းထားများကိုပါ လိုအပ်သလို ပြင်ဆင်နိုင်သဖြင့် data plan အပြောင်းအလဲရှိပါက အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

IUM ကို အသုံးပြုရန်အတွက် အနည်းဆုံး android version 2.2 ရှိရမည်ဖြစ်၍ version 4.x.x ထိ အသုံးပြုနိုင်ပါသည်။


IUM အသုံးပြုပုံအဆင့်အဆင့်

apk file ကို အခမဲ့ download ပြုလုပ်ပါ။
ထိုနောက် နှစ်သက်ရာ file manager (သို့) apk installer ကို အသုံးပြု၍ install ပြုလုပ်ပါ။
Install ပြုလုပ်ပြီးပါက home screen ၏ လွတ်နေသော နေရာတစ်နေရာကို လက်ဖြင့် ခေတ္တာ နှိပ်ထားပါ။
Homescreen ကို Personalise ပြုလုပ်ရန် windows တစ်ခု (သို့) dialog တစ်ခု ပေါ်လာပါမည်။
ထို window(သို့) dialog မှ Widget ကို ရွေးချယ်ပါ။
ထိုနောက် Internet Usage Monitor ကို ရွေးချယ်ပါ။
Homescreen တွင် IUM Widget ပေါ်လာပါလိမ့်မည်။


IUM အင်တာနက်နှုန်းထား ပြင်ဆင်ပုံအဆင့်ဆင့်

ဥပမာ။ ။ data 10MB လျှင် 2 ကျပ်နှုန်း အဖြစ်ပြောင်းလဲခြင်း

Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
Dialog တစ်ခုပေါ်လာပါမည်။
Unit နေရာတွင် 10 ကို ထည့်ပါ။
ထိုနောက် MB ကို ရွေးချယ်ပါ။
Price နေရာတွင် 2 ကို ထည့်ပါ။
ထိုနောက် Save ကို နှိပ်ပါ။


IUM ကို reset ပြုလုပ်နည်း

တစ်ခါတစ်ရံတွင် မိမိဖုန်း၏ credit ကို top up လုပ်လိုက်၍ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ IUM ၏ record များကို 0 မှ ပြန်လည် စတင်လိုပါက

1.Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
2.Dialog တစ်ခုပေါ်လာပါမည်။
3."Reset All Data Usage" ကို နှိပ်ပါ။
4.Dialog ထပ်ပေါ်လာပါက "Reset" ကို နှိပ်ပါ။




Apk ရယူရန် Link >>> http://appstore.myanmarhub.net/detail.jsp?id=28

(MMHub မှကူးယူဖော်ပြသည်)

Thursday, November 29, 2012

လိပ်လောက်တောင် မမြန်တဲ့ Con Speed နဲ့ သုံးစွဲခတိုးကောက်မယ်လား MPT

ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) ADSL ဝန်ဆောင်မှု
ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်
..............................................................................
ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) က ADSL ဝန်ဆောင်မှု
ဈေးနှုန်း များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး ပြင်ဆင်သတ်မှတ် မည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ တာဝန်ရှိသူ တစ်ဦးက The Voice Weekly ကို ပြောကြားသည်။

"နှစ်စဉ်ကြေး ကတော့ အရင် အတိုင်း ၆၀ ပါပဲ။ လစဉ်ကြေးနဲ့ ကနဦး
တပ်ဆင်ကြေး ဈေးနှုန်းပဲ လျှော့ပေးတာပါ" ဟု ၎င်းက ပြောသည်။
 
 
 
သူငယ်ချင်းများခင်ဗျာ ဒီဇင်ဘာ ၁ ရက်နေ့မှစပီး mpt မှ မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခများကို ယခင်နာရီမိနစ်အလိုက်ကောက်ခံနေရာကနေ 100 kb လျှင်၂ကျပ်နှုန်းနဲ့ ပြောင်းလဲကောက်ခံတော့မှာဖြစ်ပါတယ် ကျွမ်းကျင်သူများအဆိုအရ ယင်းပြောင်းလဲမှုမှာ အားသာချက်အားနည်း
ချက်များရှိပြီး ယခင်viberပြောပါကတမိနစ်လျှင်၂ကျပ်ကျသင့်ရာက ယခုအခါ၅ကျပ် skype ပြောပါက တစ်မိနစ်၁၂၀ခန့်ကျသင့်မှာဖြစ်ပါတယ် facebook သုံးပါက စာမျက်နှာ၁ခုလျှင် 500kbs ခန့်ရှိတဲ့အတွက် fb စာမျက်နှာ၁ခုသွားတာနဲ့တင် ၅ကျပ်ခန့်ကုန်ကျမှာဖြစ်ပါတယ် photo video တွေ download ဆွဲရင်လည်း mb များများသလိုကုန်ကျမှာဖြစ်ပါတယ်။7day ဂျာနယ်တဆောင်ကိုဒေါင်းမယ်ဆိုရင် 25mb လောက်ရှိတဲ့အတွက် ၁၉၀ ကျပ်လောက်ကုန်မှာဖြစ်ပါတယ် ကျွန်တော်တို့ကတော့ ပညာရှင်လည်းမဟုတ်တဲ့အတွက် ဂရုပြုသုံးစွဲရမှာဖြစ်ပါတယ်။အရင်လိုကိုဒေါင်းချင်တာဒေါင်းလို့မဖြစ်တော့ပါဘူး ယခုပြောင်းလဲလိုက်တဲ့အစီအစဉ်ဟာ ဘယ်လိုအခြေအနေဆိုတာတော့ စောင့်ကြည့်ရမှာပါခင်ဗျား



MPT ကိုဆန္ဒပြမယ့် အစီအစဉ်ကို ဒီနေ့ထုတ် UNITY ဂျာနယ်မှာ တရားဝင်ဖော်ပြလိုက်ပါပြီ..။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ခွင့်ပြုချက်တင်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်.။ရွှေဂုံတိုင် ဆသရရုံး (သို့မဟုတ်) လမ်း(၄၀) ဆသရရုံးတွင် ဆန္ဒပြရန် အကြမ်းမျဉ်း စီစဉ်ထားပါတယ်လို့ သိရပါတယ်။









ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)


ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။ 



၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။


သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။

တူတူပုန်းတမ်း ကစားနေပါသလား ဦးသိန်းစိန်ရယ်

ကျနော်တို့ မြန်မာပြည်ရဲ့ သမ္မတကြိး ဦးသိန်းစိန် မျက်စိကိုမှိတ် နားကို ပိတ်ပီး တူတူပုန်းတန်း ကစားနေတယ်ထင်တယ်ဗျာ
 http://www.president-office.gov.mm/briefing-room/node/2012/11/29/id-1998
လက်ပံတောင်း သပိတ် အကြမ်းဖက် ဖြိုခွင်းမှုအပေါ် ပြည်သူများက ဝေဖန်ပြောဆိုနေချိန်တွင် နိုင်ငံတော်သမ္မတရုံးက Black List အသွင်းခံရသော ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့ကို Black List စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ (ဧရာဝတီ)
 ဝိ သု ကြုံ
အောင်မင်းရဲ့ စကားသံတွေဟာ အမေစုရဲ့ ထဘီခတ်သံလောက်တောင် မထက်မြက်ပါလားကွာ . .

အင်း. သိပ်တော့လည်းမထူးဆန်းပါဘူး
ဒိံလို ကြံ့ဖွတ်အစိုးရရဲ့ ဗိုလ်ချုပ်ဟောင်းတဖြစ်လဲ ရထားဝန်ကြိံးဟောင်းတဖြစ်လဲ
လက်ရှိငြိမ်းချမ်းရေးခေါင်းဆောင်လုပ်နေတဲ့ ဥိံးအောင်မင်းရဲ့ ပါးစပ်ကထွက်တဲ့
စကားဗျာ. ခွက်ထိုးလန်ရိံမိတယ်.
အဲ့စကားတွေကဘယ်မှာပြောခဲ့တာလဲဆိုတော့ လက်ပန်းတောင်းတောင်ကြေးနိံ
စိံမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုနေတဲ့ လူတွေဆိံမှာပြောခဲ့တာဗျ
စကားဝိုင်းအစကတော့ ဟုတ်သလိုလိုနဲ့ ပေါ့ဗျာ သူကပြောပါတယ် ကျွန်တော်က
ဆုံးဖြတ်ချက်ချနိုင်တဲ့သူ မဟုတ်တဲ့အကြောင်း တောင်းဆိုချက်တွေကို လိုရင်းတိုရှင်း
တောင်းဖို့ ဘာညာပေါ့ ဟုတ်ကဲ့ အဲ့ဒိံမှာစတာပဲ ရွာခံတွေဘက်က မသွဲ့ သွဲ့ ဝင်းကပြော
လိုက်တယ် တခွန်းတည်း လက်ပန်းတောင်းတောင်ကြေးနိံစိံမံကိန်းကိုပဲရပ်လိုက်ပါတဲ့
အေးရော
အဲ့ဒိံမှာပဲ စစ်ဗိုလ်ချုပ်တယောက်ရဲ့ ရဲရဲတောက်စကားတွေက ရင်သတ်ရှမောစရာတွေ
ပေါ့ ဘာတဲ့. သူကပြောတယ် ၈၈ တိုင်းပြည်ပျက်တဲ့အချိန်မှာ တိုင်းပြည်ကစားစရာ
တောင်မရှိလို့ မူစယ်နယ်စပ်ကနေ တရုပ်တွေဆိံက စားစရာတွေသွင်းခဲ့ရတယ်ဆိုပဲ
အဲ့ကျေးဇူးတွေကိုမမေ့ကောင်းဘူးတဲ့ ဘုရားဘုရား နားရှိလို့ သာကြားရတာ
အေးလေ ဟုတ်ပါ့ အဲ့စောက်တရုပ်တွေကတို့ ဗမာပြည်ကလူတွေကို သနားခြင်းများ
စွာနဲ့ အလားကားပေးခဲ့တာဆိုတော့
တကျပ်တန်တဲ့ဟာကို တစ်ဆယ်နဲ့ ရောင်းခဲ့တာကိုများဗျာ ကျေးဇူးသိတတ်ရမယ်တဲ့
လဲတာသေလိုက်တော့ မောင်အောင်မင်းရေ
အေး ပြည်တွင်းမှာစားစရာမရှိခဲ့ရတာလည်း နေဝင်းအစိုးရရဲ့စောက်သုံးမကျလို့ ဆိုတာ
တော့ စကားတချက်မဟ စောက်တရုပ်ကျေးဇူးတော့မမေ့သင့်ဘူးတဲ့
ပြိံတော့ မြစ်ဆုံဆည်ကိတ်စလည်းပြောသွားသေးတယ်ဗျ
တရုပ်ကိုတကယ်တမ်းလျှော်ကြေးပေးရရင် ဒေါ်လာသန်းချိံပေးရမှာဖြစ်ကြောင်
တရုပ်ကမတောင်းသေးတဲ့အတွက် တော်သေးကြောင်း တရုပ်ကိုကြောက်နေရကြောင်း
အေး အဲ့ဒိံစောက်တရုပ်တွေကို ခင်ဗျားတို့ ကြံ့ဖွတ်တွေပဲကြောက်ကျ
ကျုပ်တို့ ပြည်သူတွေကတော့ လိံးကြားတောင်မညှပ်ဘူး
အသားလို လို့ အရိုးတောင်းတဲ့လုပ်ရပ်ကိုများ ဘာတဲ့ကြောက်နေရအုံးမတဲ့
ကိုအောင်မင်းရေ သိပ်ပြိံးကျေးဇူးတရားတွေသိတတ် အကြောက်တရားတွေရှိနေရင်
တရုပ်ဂုဏောအနန်တောလုပ်ပေါ့ဗျာ
ရွာခံတွေဘက်က လယ်သူမိန်းမတယောက်ရဲ့ ရဲရဲတောက်စကားကဘယ်လိုလဲဆို
တော့. ကျွန်မတို့ကတော့ တရုပ်ကိုလုံးဝမကြောက်ဘူးဆိုတဲ့အကြောင်း ကြေးနိံတောင်
စိံမံကိန်းက ဥိံးပိုင်ကလူတစုပဲကောင်းစားမှာ ပြည်သူတွေရဲ့ဘဝတွေကတော့စုတ်ပြတ်
သတ်နေအုံးမှာဆိုတဲ့အကြောင်း မိုက်တယ်ဗျာ ပြောသွားတာများမောင်အောင်မင်း
တောင်ဝင်တိုးလို့ မရဘူး သေလိုက်စမ်းမောင်အောင်မင်းရေ ရှက်တတ်ရင်ပေါ့လေ
 

Wednesday, November 28, 2012

လက်ပံတောင်းမှာ ရွာတဲ့မိုး

လက်ပံတောင်းတောင်မှ ဒီနေ့ရွာတဲ့မိုးကတော့ နယ်သူနယ်သားတွေကို အကျိုးပြုမဲ့ မိုးမဟုတ်ပါဘူး
စစ်တပ်နဲ့နောက်လိုက်စစ်ခွေး၊ ဂုတ်သွေးစုတ်အမြတ်ထုတ်နေကြတဲ့ မြန်မာနိုင်ငံသားပါဆိုတဲ့ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူတွေရဲ့ ရက်စက်မှု မိုးတွေပါပဲ

တကယ်ပဲ ရင်နာမိပါတယ်ဗျာ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ နိုင်ငံပါ... ဘာလို့ရက်စက်ယုတ်မာနေကြတာလဲဗျာ ဘာသာသာသနာဆိုတာ မရှိကြတော့ဘူးလား
လူသားချင်း စာနာစိတ်မရှိကြတော့ဘူးလားဗျာ.........


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား

နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။
ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့ မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။
ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။
"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။

မီးခိုးဗုံး (Smoke Bomb)
ဖေါက်ခွဲသောအခါ မီးခိုးများ ထွက်လာစေရန် ဖန်တီးထားသည့် ပစ္စည်းဖြစ်သည်။ မီးခိုးဗုံးကို အမျိုးအစား (၃)မျိုးခွဲနိုင်ပြီး (၁) မီးခိုးဘောလုံး (Smoke Ball)၊ (၂) မီးခိုးချောင်း (Smoke Candle) နှင့် (၃) မီးခိုးဗုံး (Smoke Canister or Somke Grenade) တို့ ဖြစ်သည်။
မီးခိုးဘောလုံး (Smoke Ball) မှာ ရောင်စုံ မီးခိုးများ ၁၀ စက္ကန့်မှ ၁၅ စက္ကန့် အထိ ဖြာထွက်စေရန် သုံးခြင်းဖြစ်ပြီး ပွဲလမ်းသဘင်နှင့် ကစားပွဲများ အတွက် သုံးခြင်း ဖြစ်သည်။
မီးခိုးချောင်း (Smoke Candle)မှာ စလင်ဒါပုံစံဖြစ်ပြီး ပွဲလမ်းသဘင်များတွင် အသုံးပြုသော မီးရှုးမီးပန်း တိုင်များနှင့် တူညီသည်။ မိနစ်အတန်ကြာ မီးခိုးတိမ်တိုက် ဖြစ်ပေါ်စေပြီး အမြင်အာရုံေ၀၀ါးစေရန် အသုံးပြုခြင်း ဖြစ်သည်။
မီးခိုးဗုံး (Smoke Canister or Somke Grenade) မှာ သတ္တု ဗူးတစ်မျိုး ဖြစ်ပြီး စနက်တံကို ဆွဲဖြုတ်ပြီး ပစ်လိုက်သောအခါ မီးများ ထုတ်လွှတ်နိုင်သည်။ စစ်ဘက်က တပ်ဖွဲ့များကို အချက် ပြရန်နှင့် တပ်ရွှေ့လျားမှုကို တစ်ဖက်ရန်သူမှ မသိရှိနိုင်ရန် အသုံးပြုပါသည်။
နိုင်ငံတကာ အဓိကရုဏ်းဖြစ်စဉ်များတွင် မျက်ရည်ယိုဗုံး (Tear Gas) ကိုသာ အသုံးပြုလေ့ရှိပြီး ယင်းမှာ မီးခိုးလုံးများသာ ထွက်လေ့ရှိသည်။

အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်
စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။



Popular Myanmar News Journal
မန္တလေး-နိဝင်ဘာ၂၉
ယနေ့နံနက် ၃ နာရီခန့်တွင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုကြောင့် ပြင်းထန်သော
မီးလောင်ဒဏ်ရာရရှိကာ မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရသော
သံဃာတော်တပါးဖြစ်သည့်
ပုလဲမြို့နယ်၊ ခေါသန္တီရွာဘုန်းတော်ကြီးကျောင်းမှ သက်တော် ၆၄ နှစ်ခန့်အရွယ်ရှိ ဦးတိက္ခဥာန(ခ)ဦးဇင်းဖေကြီးမှာ ဆေးကုမှုခံယူလျှက်ရှိကြောင်းသိရသည်။
နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်သည့် ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံဖြစ်သည်။ သမ္မကြီးမှ ခွင့်ပြုချက် ပါသည် မပါသည်ကိုမူ မသိရှိရသေးပါ။

အဂ္ဂမဟာသရေစည်သူ မဟာသီရိသုဓမ္မရာဇာ ဦးစည်သူ
 အဲ့ ဒါ (Napalm) လို့ ခေါ်တဲ့ မီးလောင်ဗုံးဆိုတာ အသေအချာဘဲ။ ဓါတ်ဆီနဲ့ ဂျယ်လီပြစ်ပြစ်ကို ရောပြီးလုပ်ထားတာ။ အဲ့ ဒီမီးလောင်နေတဲ့ ပြစ်ပြစ်အဖတ်ကြီးတွေ လာကပ်ရင် ခွါမရတော့ ဘူး။ အပြည်ပြည်ဆိုင်ရာတရားဥပဒေအ (International Law) အရ Napalm ဗုံးကို စစ်ဖက်ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်တဲ့ နေရာမှာ သုံးလို့ ရပေမဲ့  အရပ်သားများ အရပ်ဖက်အဆောက်အဦးများကို အခုလို ပစ်ခပ်ခဲ့ ရင် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ (International Court of Justice) တရားစွဲလို့  ရပါတယ်

Friday, November 23, 2012

အမျိုးယုတ်တွေ ပြဿနာရှာကြပြန်ပီ

 မင်းတို့ပြောတော့ ယဉ်ကျေးပါတယ်ဆို ချီးစားတဲ့ခွေးလောက်မှ မသိတတ်တဲ့ကောင်တွေ

မြန်မာပြည်မှာနေ မြန်မာ့ရေသောက် မြန်မာဆန်စားပြီး မင်းမေလင် မိုဟာမက်လို ခွေးဇာတ်ခင်းချင်နေကြတယ်ပေါ့ မင်းတို့ လူမျိုးဘင်္ဂါလီမကို အဲလိုလုပ်ရင်ကော ခံနိုင်မလား?

ဘူးသီးတောင် ခမီးတိုင်းရင်းသူတစ်ယောက်ကို ဘင်္ဂါလီများက မုဒိမ်းကျင့်ရန်ကြိုးပမ်း၊ အမှုမဖွင့်နိုင်အောင်တားဆီး

ဇမ္မဏီး ရွာသူ ခမီးတိုင်းရင်းသူ မယိုင်နု

ဘူးသီးတောင် ၊ ၂၂ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]

ဘူးသီးတောင်မြို့နယ် သီခေါင်သည့်ကျေးရွာတစ်ခုမှ တောဟင်းရှာနေသူ ခမီး မိန်းကလေးတစ်ဦး အား နှစ်ဦးထက်မနည်းသည့် ဘင်္ဂါလီကုလားများက ယခုလ သုံးရက်နေ့က မုဒိမ်းကျင့်ရန် ကြိုးစားရာမှ လွတ်မြောက်လာခဲ့ရာ၊ ယင်းအတွက် အမှုဖွင့်ရန် ဘူးသီးတောင်မြို့တစ်ရောက် တောလမ်းတွင်အလာ ဘင်္ဂါလီကုလားများက နစ်နာသူမိသားစုအနေဖြင့် အမှုမဖွင့်နိုင်အောင် အမျိုးမျိုး တားဆီးကြသည်ကို ကြုံရပြီးနောက်၊ ယခု ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း Coral Arakan ၏ ၀ိုင်းတော်သား ကိုအောင် (ခရမ်းပြာ) က သတင်း ပေးပို့ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ ဇမ္မဏီး ခမီးရွာ တွင် နေထိုင်သည့် အသက် ၁၄-နှစ် အရွယ် မယိုင်နုသည် နိုဝင်ဘာလ သုံးရက်နေ့ မွန်းလွဲ လေးနာရီခန့်တွင် မိခင်ဖြစ်သူ ဒေါ်ရွှေမ နှင့်အတူ တောင်ယာလုပ်ငန်းခွင် မှ ပြန်လာစဉ် တင်းမေကျေးရွာအုပ်စုနေ ဘင်္ဂလီကုလားတို့က အဓမ္မပြုရန် ဆွဲခေါ်ယူခြင်းကို ခံခဲ့ရသည်။

ဖြစ်စဉ်ကို မိခင်ဖြစ်သူက ဤကဲ့သို့ Coral Arakan အားပြောပြသည်။ “ကျွန်မက မောလာတာနဲ့ ရွာကိုမရောက်ခင် ချောင်းခွဆုံမှာ ခဏနားကြပါတယ်။ ရွာက
လက်ယာဘက်ချောင်း အတိုင်းသွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက် ချောင်းကောက်မှာ သဗြုသီးခူးဖို့ ခိုင်းလိုက်ပါတယ်။ သွားရမယ့်နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သမီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ်ကုလားငါးယောက် လက်ဝဲဘက်ချောင်းကို တက်သွားတာ တွေ့လိုက်ပါတယ်။ သိပ်မကြာခင်ပဲ သမီးရှိတဲ့ ချောင်းကောက်ဘက်က သမီးအော်သံကြားရလို့ လိုက်သွားတော့ သမီး ထွက်ပြေး လာတာ တွေ့ရပါတယ်။ သမီးကိုမေးတဲ့အခါ ကုလားတွေ အတင်းဆွဲခေါ်လို့ ထွက်ပြေး လာတာ လို့ ပြန်ပြောပါတယ်” ဟု ရှင်းပြသည်။

ကာယကံရှင် မယိုင်နု (အဘ ဦးသာကျော်၏ သမီး) က မိမိကိုယ်တိုင်ကြုံခဲ့ရသည်ကို Coral Arakan အား ဤကဲ့သို့ ပြောပြသည်။ “(ကျွန်မ)သဗြုသီးခူးနေတုန်း ကုလားတစ်ယောက်က လက်ကိုဆွဲထားပါ တယ်။ နောက်တစ်ယောက်က ကျောဘက်က နေဖက်ထားပြီး ပါးစပ်ကို အတင်းပိတ်ဖို့ ကြိုးစားပါတယ်။ ကျွန်မလည်း ကြောက်လို့ အတင်းရုန်းကန်ထွက်ရင်း အမေ့ကိုအော်ခေါ်ပါတယ်။ အမေပါလာတာ သိတော့မှ ကျွန်မကိုလွှတ်ပြီး ထွက်ပြေးသွားကြပါတယ်” ဟု ပြန်လည်ရှင်းပြသည်။ မိခင်ဖြစ်သူ ကိုယ်တိုင် လည်း ထွက်ပြေးသွားသော ၎င်းကုလားများကို လှမ်းမြင်တွေ့လိုက်ရသည်။

ရွာသို့ပြန်ရောက်သည့်အခါ ခီဇာအမည်ရှိသူ ဆွေမျိုးတစ်ဦးအား ထိုသို့ ဖြစ်ပျက်ခဲ့သည် ကို ပြောပြပြီး ပြဿနာ ဖြစ်ခဲ့သည့် ၎င်းလက်ဝဲချောင်းကောက်နေရာသို့ ပြန်လိုက်သွား သည့်အခါ ယင်းနေရာအနီးတွင် ဝါးခုတ်ကုလားများ ညအိပ်သည့် တဲတစ်ခုတွင် ကုလားငါးကောင် ကိုတွေ့ရသည့်အတွက်၊ မယိုင်နုကို မေးမြန်းသည့်အခါ ကျူးလွန်သည့် ကုလားများကို ၄င်းအနေဖြင့် မှတ်မိ ပြောပြနိုင်ကြောင်း ဆိုသဖြင့်၊ အတူပါသူ ခီဇာက ကုလားများကို ဖမ်းဆီးချုပ်နှောင် မည် ပြုသည့်အခါ မယိုင်နု၏ မိခင်က ကုလားအင်အားများတယ်၊ အန္တရာယ်ဖြစ်လိမ့်မယ်၊ လူကို မှတ်မိရင် ရပြီ၊ ရွာမှာတိုင်ပြီးရှင်းမယ်ဟု ပြောပြတားဆီးကာ ပြန်လာခဲ့ကြပြီးနောက် ထိုနေ့ ညနေတွင် ပင် ကျောင်းတောင်ကျေးရွာရှိ၊ စခန်း(၂၁) နစကသို့ သွားရောက် တိုင်ကြားခဲ့ သည် ဟု ဆိုသည်။

အဆိုပါ နစက စခန်းတာဝန်ခံက ဖြစ်စဉ်ကို မေးမြန်းပြီး နောက်နေ့တွင်ပြန်လာရန် ချိန်းခဲ့သည်။ နောက်နေ့ (၄-၁၁-၂၀၁၂)နေ့တွင် ချိန်းဆိုသည့်အတိုင်း နောက်ထပ်တစ်ခါ သွားရောက်၍ ထွက်ဆိုခဲ့ သည်။ နောက်ထပ်နှစ်သုံးရက်နေပြီးနောက် ပြန်လာရန် ချိန်းဆိုခဲ့ပြန်သည် ဟု ဆိုသည်။

ထိုသို့ချိန်းဆိုစဉ် ပြောဆိုကြသည့်အကြောင်းနှင့် အတူလိုက်ပါသွားခဲ့သော ဆွေမျိုး တော်စပ်သူ ပဲသဒူကျေးရွာ သား ဦးသာထွန်းအောင်က Coral Arakan အား ယခုကဲ့သို့ ပြောပြသည်။

“နစကစခန်းမှူးက သူတို့ ညှိနှိုင်းပေးတဲ့အတိုင်း လက်ခံမလားလို့ မေးပါတယ်။ အဲဒီတော့ ကလေးမရဲ့အမေ က ဥပဒေအတိုင်း ရှင်းပေးမယ်ဆိုရင် လိုက်နာပါမယ်လို့ ပြန်ပြောတယ်။ စခန်းမှူးက ဒေါသထွက်ပြီး ခုံကို တုတ်နဲ့ တစ်ချက်နှစ်ချက် ဒိုင်း၊ ဒိုင်းနဲ့ ရိုက်ပစ်လိုက် တယ်။ ထွက်သွားကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်တော့လို့ပြောပြီး ပြန်ခိုင်း လိုက်ပါတယ်” ဟု ပြန်ပြောပြပါသည်။

ထို့ကြောင့် နောက်တစ်ရက်တွင် မယိုင်နုသည် ဖခင်နှင့်အတူ ဘူးသီးတောင် ရဲစခန်း တွင် တိုင်ကြားရန် ခရီးထွက်လာခဲ့ကြသည်။ လမ်းခရီးရှိ တင်းမေကုလားရွာသို့ ရောက်သည့်အခါ တင်းမေကုလားရွာမှ (ကုလား)အရပ်လူကြီးများက တားဆီးထား ကြပြီး၊ တိုင်ကြားခြင်းမပြုရန်နှင့် ကြေနပ်အောင် ရှင်းလင်းပေး ပါမည်ဟု ပြောကြသည် ဟု ဆိုသည်။

ထို့အပြင် မယိုင်နုနေထိုင်ရာရွာမှ လူကြီးများကိုယ်တိုင်ကလည်း ငါတို့မှာလည်း ငွေကြေး အင်အားမရှိ၊ ရဲစခန်းတိုင်ဖို့၊ တရားရုံးတိုင်ဖို့ဆိုရင်လဲ ခဏခဏ သွားဖို့လာဖို့ မလွယ်ဘူး၊ ပြေလည်အောင် ရှင်းလိုက်ကြ လို့ ဝိုင်းဝန်းနားချကြသည် ဟု ဆိုသည်။

သို့ဖြစ်ရာ ဖခင်ဖြစ်သူကလည်း ကုလားရွာထဲတွင် ငြင်းဆန်နေလျှင် မိမိတို့ အသက် အန္တရာယ် ကျရောက်နိုင်သည်ဟု တွက်ဆမိသောကြောင့် လက်မှတ်ထိုး ကြေအေးရန် သဘောတူခဲ့ရသည် ဟု ဆိုသည်။

မိမိ၏မိသားစုက ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ရပြီး၊ မိမိ ကိုယ်နှိုက်လည်း လက်ဗွေနှိပ် ခဲ့ရကြောင်း၊ မိမိရွာသို့ ပြန်ရောက်သည့်အခါ ကုလားများပေးလိုက်သော ငွေခုနစ်သောင်း အနက်မှ သုံးသောင်းကျပ်ကို ရွာလူကြီးများက ယူထားလိုက်ပြီး မယိုင်နု ကို ငွေလေးသောင်းကျပ် ပေးခဲ့ကြောင်း မယိုင်နုက Coral Arakan အား ပြန်ပြောပြပါသည်။

ထို့နောက် အခြေအနေကို စောင့်ကြည့်ပြီး ပြဿနာမဖြစ်နိုင် လောက်သည့် အခြေအနေ ရောက်မှ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်းတွင် တိုင်ကြားခြင်း ဖြစ်ကြောင်းလည်း မိခင်ဖြစ်သူ က ပြောပြပါသည်။

“ ငွေကို လိုချင်လို့မဟုတ်ဘူး၊ ကျွန်မသမီးက အငယ်ကလေးပဲ ရှိသေးတယ်။ အခု ရွာမှာ ကျွန်မသမီးဟာ နာမည်ပျက်ဖြစ်သွားလို့ ရိုးရာထုံးစံအရ ရွာကိုဝင်ခွင့် မရရှိ တော့ဘူး။ ရွာဝင်ခွင့်ရဖို့အတွက် ရွာကိုတောင်းပန်ဖို့ ပွဲတစ်ခုလုပ်ပေးရတယ်။ အခု အနည်းဆုံးလုပ်ပေးခဲ့ရတာတောင် ဝက်တစ်ကောင် သတ်ပြီးကျွေးခဲ့ရပါတယ်။ အခု ဒီလို မတရားခံရတာကို ကျေနပ်လိုက်ရင် နောက်ကို လည်း နောက်တစ်ခေါက် ထပ်ပြီး လုပ်ကြဦးမယ်။ ကျွန်မသမီး မဟုတ်ရင်လည်း နောက်ထပ် အမျိုးသမီးတွေ ကို ကုလားတွေက ဒီလိုမျိုး ထပ်လုပ်ကြဦးမယ်။ ဒါကြောင့် တိုင်ဖို့ လာတာပါ”ဟု မိခင် ဖြစ်သူ ဒေါ်ရွှေမက ရှင်းပြသည်။ သူကဆက်၍ “အခု ကျွန်မယောက်င်္ကျား လက်ခံယူလာ တဲ့ ငွေလေးသောင်းကိုလည်း ကျွန်မတို့ လုံးဝမသုံးဘူး၊ ရဲစခန်းမှာ သက်သေခံ အဖြစ်တင် ပါမယ်။ သူတို့ စာချုပ်မှာ ဘာပဲရေးထားထား မစိုးရိမ်ပါဘူး”ဟု ပြောပြသည်။

ပြစ်မှုကျူးလွန်သူများမှာ တင်းမေကျေးရွာနေ အဒူလာ(ဘ)ဘာဆေး နှင့် အာယုပ် (ဘ) ရှာအာလောင် တို့ ဖြစ်သည် ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်ကို ယနေ့ (၂၂-၁၁-၂၀၁၂)နေ့တွင် ဘူးသီးတောင်မြို့မ ရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှရဲစခန်းမှူးကို အမှူစစ်အရာရှိ အဖြစ် တာဝန်ပေးအပ် ထားကြောင်း သိရှိရပါသည်။

ဘူးသီးတောင်မှ တစ်ညအိပ်ခရီး လမ်းလျှောက်သွားရသော ခမီးတိုင်းရင်းသား ကျေးရွာ ဇမ္မဏီးကျေးရွာမှ မယိုင်နုနှင့် မိခင်ဖြစ်သူတို့သည် မိမိတို့နစ်နာရသော အမှုအခင်းကို တိုင်တန်းရန်အတွက်ပင်လျှင် ဘူးသီးတောင်မြို့ပေါ်သို့ အရဲစွန့် လာရောက်ခဲ့ရခြင်း ဖြစ်သည်။

ဇမ္မဏီးကျေးရွာငယ် ပတ်ဝန်းကျင်တွင် အိမ်ခြေထောင်ကျော်ချီသည့် ကျောင်းတောင် (ဘင်္ဂလီကျေးရွာ) အုပ်စု နှင့် တင်းမေ(ဘင်္ဂါလီကျေးရွာ)အုပ်စုတို့ ရှိနေကာ၊ အနီးအနား ပြန့်ကျဲနေသော တိုင်းရင်း သားကျေးရွာ များမှာ အိမ်ခြေ ဆယ်အိမ်ဝန်းကျင်သာ ရှိကြ သည်။

ကိုအောင်(ခရမ်းပြာ)


မူရင်းလင့်- https://www.facebook.com/photo.php?fbid=376079082480970&set=a.138688619553352.36830.100002366455632&type=1&ref=nf

Adobe Photoshop CS3,Extend အတွက် Crack download

Adobe Photoshop တင်ထားပီး Serial မရှိတဲ့လူတွေအတွက်ပါ



 Rar ဖိုင်လေးကို Download လုပ်ပီး ဖြေလိုက်ပါ

ပီးရင် C:\Program Files\Adobe\Adobe Photoshop CS3 ထဲမှာ ဒေါင်းလုပ်လုပ်ထားတဲ့ exe လေးကို

Copy ကူးပီး ထည့်လိုက်ပါ အားလုံအဆင်ပြေသွားပါလိမ့်မယ်

CS3 Extend အတွက်လဲ သုံးလို့ရပါတယ်

Viber ကို PC ပေါ်မှာ Install လုပ်နည်း

အဟဲ ကျနော် ရှာနေတာကြာပီဗျ

ဟိုဟာကောင်းနိုးဒီဟာကောင်းနိုးနဲ့ အခုမှ (နည်းနည်းလေးကောင်းတာတွေ့တယ်)

နာမည်က Bluestacks ဆိုပဲဗျ Andriod ဆော့ဝဲလ်တွေကို PC အနေနဲ့ သုံးလို့ရပီ

အရင်ဆုံး bluestacks.com ကို သွားပီး ဆော့ဝဲလ်ကို ဒေါင်းလုပ်ဆွဲလိုက်ပါ

ပီးရင်တော့ Install ပေါ့ဗျာ (Install လုပ်တဲ့နေရာမှာ ကျနော်ကတော့ ကော်နက်ရှင်ရလို့ အွန်လိုင်းမှာပဲ

Install လုပ်ပါတယ် Offline ရမရတော့ အာမ မခံပါဘူးခင်ည :P )

အခု ကျနော်တို့က Viber ကို လိုချင်တာဆိုတော့ ကျနော် ဒီမှာ တင်ပေးထားပါတယ်



ဒေါင်းလုပ်ဆွဲပီးသွားရင်တော့ Zip ဖိုင်ကိုဖြေလိုက်ပါ အောက်မှာပြတဲ့ပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်




Viber.apk ကို Install လုပ်လိုက်ပါ ပီးရင် ထုံးစံအတိုင်း Android Phone တွေပေါ်မှာလို သုံးလို့ရပါပီ


အားလုံးပျော်ရွှင်ကြပါစေ

Thursday, November 22, 2012

Viber ကို PC ပေါ်မှာ သုံးလို့ရနေပီနော်

ကျနော် သူငယ်ချင်းတွေနဲ့ online မှာ စကားပြောဖြစ်တော့ သူတို့ကမေးကြတယ်။ မင်း Viber မသုံးဘူးလားလို့မေးကြတယ်။ ကျနော်ကမသုံးဘူးလို့ပြောလိုက်တယ်။ ခဏခဏ မေးလာလို့ ဒီပိုစ့်လေးကိုတင်လိုက်တာပါ
အမှန်တော့ Viber သုံးဖို့ ကျနော့်မှာ ipad, iphone, Android Tablet,Android Phone , windows Phone တို့မရှိလို့လေ။

ဒါနဲ့ Google ကိုအကူအညီတောင်းတော့ Android SDK , You Wave Android တို့မှာတင်သုံးရင်၇တယ်ဆိုလို့ တင်ကြည့်သေးတယ်။ ကျနော်မလုပ်တတ်လို့ထင်တယ်။ သုံးလို့မရဘူးဖြစ်နေတယ်။သူငယ်ချင်းတွေ ကလိလို့ရအောင်ကျနော်တင်ပေးပါဦးမယ်။
နောက်ဆုံးတော့ bluestacks လေးနဲ့ အဆင်ပြေသွားတယ်။
Install လုပ်မယ်ဆိုရင် အရင်ဆုံး http://bluestacks.com/ ကိုသွားပြီးDownload ဆွဲပြီး install လုပ်လိုက်ပါ။
ပြီးရင်အောက်က video လေးကိုကြည့်ပြီးလုပ်လိုက်နော်။လွယ်ပါတယ်။




Kaspersky 2011 ကို ရက်ပေါင်း 3700 (၁၀နှစ်)စာ လိုင်စင် ဖြစ်စေမဲ့ Kav 2011 Crack free download

Kaspersky ဆိုတာ ကျနော် ကွန်ပျူတာဆိုတဲ့ အရာနဲ့ စတင်ထိတွေ့ချိန်ကစပီး သိခဲ့ရတာပါ အရမ်းလည်း ကြိုက်ခဲ့တယ် Kav ရဲ့ အသစ်ထွက်တဲ့ဗားရှင်းတိုင်းကို သုံးခဲ့တယ် အဲ ကြုံရတာပြသနာက တော့ လိုင်စင်ပါပဲ သိတယ်မဟုတ်လား ကျနော်တို့ မြန်မာနိုင်ငံက ၀ယ်မသုံးဘူးလေ အလကားရတာပဲ ရှာတယ် (ကျနော်လဲ အတူတူပါပဲ) Kav 2011 ထွက်လာတော့ သူ့ရဲ့ Crack Tool က တော်တော်ကောင်းတယ်ဗျ အရမ်းကြိုက်လို့ နောက်ဗားရှင်းကို ပြောင်းမသုံးပဲ ဒါကိုပဲသုံးနေတာ 2013 တောင်ရောက်တော့မယ်

အခု KAV 2011 User များအတွက် Crack Tool နဲ့ Crack လုပ်ပုံလေးကို တင်ပေးပါ့မယ်

Kav 2011 ကို ဒေါင်းလုပ်လုပ်ပါ


Kav 2011 ကို Install လုပ်ပီးရင်တော့ Setting ကိုဝင်ပါ။ Setting ထဲက Self-Defense ကို အမှန်ခြစ် ဖြုတ်ပေးပီး Kaspersky ကို ပိတ်လိုက်ပါ





Kaspersky 2011 Crack Tool ကို Download လုပ်ပါ

ဒေါင်းလုပ်လုပ်ပီးရင်တော့ ဖွင့်ပီး Install > Next ကိုပဲ ဆက်နှိပ်လိုက်ပါ
Finish သွားပီဆိုရင်တော့ Kav ကို ဖွင့်လိုက်ပါ ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်




အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ

Thursday, November 15, 2012

အဟင့် ပေးနိုင်ပါဘူးလို့ဆို ပေးဘူး ဘာမှတ်နေလဲ သွား လူဆိုး



ရန်ကုန်မြို့က ၀ါဝါ၀င်းကုမ္ပဏီရုံးချုပ်ရှေ့မှာ နေ့ရောညပါ ဆန္ဒပြနေသူတွေဟာ ဥပဒေကိုနားမလည်ကြဘဲ မြှောက်ပင့်ပေးသူတွေကြောင့် သူတို့လယ်မြေတွေ သိမ်းခံရတယ်ဆိုပြီး လျှော်ကြေးငွေ လိုချင်နေကြလို့ ဆန္ဒပြနေတာ လ၀က်တောင်ကျော်နေလို့ သနားပါတယ်တဲ့၊ တကယ်တမ်းတော့ အိုးအိမ်ကနေ တရားဝင်စာရွက်စာတမ်းတွေနဲ့ ကုမ္ပဏီကပိုင်ပြီးလို့ အဆင့်ဆင့်တောင် ရောင်းပြီးသားမို့ လယ်မြေလည်းပြန်မပေးနိုင်တော့သလို ဘာလျော်ကြေးမှလည်း မပေးနိုင်ဘူးတဲ့ဗျာ..၀ါဝါ၀င်းကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဒေါ်စန်းစန်းဝင်းကပြောနေပြီ ကောင်းကြသေးရဲ့လား


Source - https://www.facebook.com/photo.php?fbid=303122179787677&set=a.285773454855883.51848.285725478194014&type=1&theater

ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးရန် ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ

ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးဖို့၊ ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်ပေးဖို့ ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ

ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ၎င်းတို့ မနှစ်သက်သည့် အချက်အလက်များ ပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်က ရှာဖွေဖော်ပြခြင်း မပြုဘဲ ဖြုတ်ချပေးရန်၊ အစိုးရများ မနှစ်သက်သော ၀က်ဘ်ဆိုက်များကို ရေးသားသူများ၏ ကိုယ်ရေး အချက်အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာ အစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ်ကို ကမ္ဘာတစ်ဝန်း အစိုးရများက အကြောင်းကြားမှု၊ မေတ္တာရပ်ခံမှု၊ အကျပ်ကိုင်ခဲ့မှုပေါင်းသည် ၂၀၁၂ ပထမခြောက်လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်း သိရသည်။ တစ်ရက်လျှင် ပျမ်းမျှ ၁၁၅ ကြိမ်နီးပါး ဖြစ်သည်။

ဂူဂဲလ်သည် ပွင့်လင်းမြင်သာ အစီရင်ခံစာ (Transparency Report) ကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၁၂ ပထမခြောက်လ ကြိမ်နှုန်းစာရင်းများအရ ကမ္ဘာတစ်ဝန်း အစိုးရများ၏ အွန်လိုင်းမီဒီယာများအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများသည် သိသိသာသာကို ရှိန်နှုန်းမြင့်လာနေပြီဖြစ်ကြောင်း တွေ့ရသည်။ အွန်လိုင်းတွင် ရေးသားဖော်ပြထားသော အချက်အလက်များ၏ မူရင်းပိုင်ရှင်များနှင့်ဆိုင်သော ကိုယ်ရေးအချက်အလက်များ တောင်းခံမှုတွင် အမေရိကန်အစိုးရက ၇၉၆၉ ကြိမ်ဖြင့် ကြိမ်နှုန်းအများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ဂူဂဲလ်က ရှာဖွေပေးနေသည့် ၀က်ဘ်ဆိုက်များထဲတွင် မည်သည့် ၀က်ဘ်ဆိုက်များကို ရှာဖွေ ဖော်ပြပေးခြင်း မပြုပါနှင့်ဟု မေတ္တာရပ်ခံမှုတွင်မူ တူရကီအစိုးရက ထိပ်ဆုံးတွင်ရှိကြောင်းလည်း သိရသည်။

ဂူဂဲလ်သည် ထိုသို့ ကမ္ဘာတစ်ဝန်း အစိုးရများ၊ တရားရုံးများက တောင်းခံသည့် ကြိမ်နှုန်းများကို ၂၀၀၉ ခုနှစ်မှစ၍ ခြောက်လတစ်ကြိမ် စုစည်းပြီး ပွင့်လင်းမြင်သာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ် ပထမခြောက်လ ဦးဆုံး အစီရင်ခံစာတွင် ထိုသို့ မေတ္တာရပ်ခံမှုပေါင်း ၁၂၅၃၉ မှု ရှိခဲ့ပြီး ၂၀၁၂ ပထမ ခြောက်လတွင် ၂၀၉၃၉ မှုထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ခြောက်လတစ်ကြိမ် ထုတ်ပြန်တိုင်း ဂူဂဲလ်က ရှာဖွေပေးနေတဲ့ တစ်ချို့ သတင်းအချက်အလက်တွေ မရှာပေးဖို့၊ သက်ဆိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထုတ်ပေးဖို့ မေတ္တာရပ်ခံမှုတွေက ကြိမ်နှုန်း တက်သထက် တက်လာနေတာကို ကြည့်ခြင်းဖြင့် ကမ္ဘာအရပ်ရပ် အစိုးရများသည် အွန်လိုင်းစောင့်ကြည့်စစ်ဆေးမှုများ ပိုမိုထိထိရောက်ရောက် ပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဂူဂဲလ်က ပြောသည်။

အင်တာနက်ပေါ်မှ အချို့သော အချက်အလက်များကို ရှာဖွေဖော်ပြပေးခြင်း မပြုရန် အစိုးရများ မေတ္တာရပ်ခံကြသည့် အဓိက အကြောင်းရင်း သုံးရပ်မှာ အသရေ ဖျက်မှု၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ထိပါးမှု၊ လုံခြုံရေး စိုးရိမ်ရမှုတို့ဖြစ်ကြောင်းလည်း သိရသည်။ အခြားသော အချက်များတွင် လိင်ဆိုင်ရာ ညစ်ညမ်းမှု၊ လူမျိုးရေး အမုန်းပွားစေသော စကားလုံးများ ပါဝင်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှုတို့ဖြစ်ကြောင်းလည်း သိရသည်။

ရှာဖွေဖော်ပြပေးနေခြင်းကို ရပ်ဆိုင်းသင့် မရပ်ဆိုင်းသင့်ကို ဂူဂဲလ်သည် အခြေခံအချက်သုံးချက်ဖြင့် ဆုံးဖြတ်ကြောင်း သိရသည်။ အစိုးရများ၏ မေတ္တာရပ်ခံမှုတွင် ခိုင်လုံသော အထောက်အထား ပြည့်ပြည့်စုံစုံ ပါဝင်ရမည်၊ တိကျသေချာသော ၀က်ဘ်ဆိုက်ကို ညွှန်ပြနိုင်ရမည်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံရမည်ဟူ၍ ဖြစ်သည်။

အချို့အချက်အလက်များ ရှာဖွေဖော်ပြပေးခြင်း မပြုရန် ကမ္ဘာ့အစိုးရများ မေတ္တာရပ်ခံမှု ကြိမ်နှုန်း
(၂၀၁၂ ပထမခြောက်လအတွင်း စာရင်းဖြစ်သည်)
- တူရကီ ( ၅၀၁ ကြိမ် )
- အမေရိကန် ( ၂၇၃ ကြိမ် )
- ဂျာမနီ ( ၂၄၇ ကြိမ် )
- ဘရာဇီး ( ၁၉၁ ကြိမ် )
- ဗြိတိန် ( ၉၇ ကြိမ် )

အချက်အလက် ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံသည့် ကြိမ်နှုန်း
- အမေရိကန် ( ၇၉၆၉ ကြိမ် )
- အိန္ဒိယ ( ၂၃၁၉ ကြိမ် )
- ဘရာဇီး ( ၁၅၆၆ ကြိမ် )
- ပြင်သစ် ( ၁၅၄၆ ကြိမ် )
- ဂျာမနီ ( ၁၅၃၃ ကြိမ် )
- ဗြိတိန် ( ၁၄၂၅ ကြိမ် )
Source: BBC

ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း




ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီး

ခေါင်လောင်းတော်ဘွဲ့- အဝိန္ဒဆောက် ခေါင်းလောင်းတော် အလေးချိန်- ၁၈၀၀၀၀ ပိဿာ(တန်ချိန် ၂၉၀) အတိုင်းအတာ - အဝ(၈)တောင်၊ xxx(၁၂) တောင် သွန်းလုပ်သည့်နေ့- သက္ကရာဇ် (၈၃၇)ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ -သက္ကရာဇ် (၈၃၈) ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ် ကျော်ကြားမှု- ပျောက်ဆုံးနစ်မြှုပ်နေမှု

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး

ဓမ္မစေတီခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကားမွန်ဘာသာအားဖြင့်'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။ခေါင်းလောင်းဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ထို့အပြင် ဇာကိုလိုကောခေါင်းလောင်းသည်(၁၈) ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာအေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း ဖြစ်သင့်ပေသည်။

ခေါင်းလောင်းတော်ကြီးကိုဆယ်ယူရရှိမည်ဆို ပါက မွန်အမျိုးသားတို့၏ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့ အသေးစိတ်အချက်အလက်တို့ကု ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။၎င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက်နှစ်ပေါင်း(၁၅၀၀ )ခန့်စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာ အတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။

လှူဒါန်းခြင်း

မြန်မာ့သမိုင်းတွင်မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင်ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခုပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင်လူဦးရေ စစ်တမ်းကောက်ယူခဲ့သည်။ ဓမ္မစေတီမင်းကြီးသည်ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊စွန္တရာဇာအမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ယူရန် တာဝန် ပေးခဲ့သည်။အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါကောက်ခံခဲ့ရာကြေးစင် တစ်သန်းနှင့် ရှစ်သိန်းရရှိခဲ့သည်။မင်းကြီးက ကြေးပါ ကောက်ယူခဲ့သောအမတ်လေးဦးအား အပြစ်ဒဏ်ပေး၏။ကြေးများကို ကာယကံရှင်များအားပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့်အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း(၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။သို့သော် ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီးအသံမမည်ဟု ဆိုသည်။) ခေါင်းလောင်းသွန်းလုပ်စဉ်`လောကဥာဏ´ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။မင်းကြီးက အကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံး ဖြစ်သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ် ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို မွန်ဘာသာဖြင့်အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင် တွင် ချိတ်ဆွဲလှူဒါန်းရေစက်ချတော်မူသည်။ ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့် “အဝိန္ဒဆောက်’’ဟု အမည်ရ သည်။(ရွှေတိဂုံ စေတီတော် တည်ရှိရာကုန်းတော်ပေါ်တွင ပထမဦးဆုံးလှူဒါန်းသောခေါင်းလောင်းမှာ ဓမ္မစေတီခေါင်းလောင်းကြီးပင် ဖြစ်သည်။ ယခုအခါရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း(၂၉)လုံးရှိသည်။ သုတေသန=မေယာအမ်တီ)

ရှေးခေတ်စာမှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ငွေ တို့လည်းပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့်နီလာ ရတနာတို့လည်းမြှုပ်ထားသည်ဟုဆိုသည်။ ဓမ္မစေတီမင်းဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။ခေါင်းလောင်းကြီးသည် ၁၂-တောင် မြင့်ပြီး၈-တောင် ကျယ်သည်။တစ်ပြိုင်တည်းမှာပင် ၅၀၀ပိဿာရှိခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်းခဲ့သည်ဟုအဆိုရှိသည်။

နိုင်ငံခြားသားများရောက်ရှိခြင်း

နောင်နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည်`ဂစပါရို ဘယ်ဘီ ´သည်ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကိုအသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ"ကျွန်ုပ် တွေ့ခဲ့ရသည်မှာအလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန်ကြီးမားသော ခေါင်းလောင်းကြီးရှိပြီးအတိုင်းအတာအားဖြင့် ခြောက်လှမ်းနှင့် သုံးဖန်ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့်တစ်ခုပူးကပ် နေသောစာများအပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။"

၁၅၃၀-ခုတွင် မွန်ဘုရင်များ၏အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။တစ်ချိန်တည်းမှာ ဥရောပကုန်သည်နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ`ဖီလစ်ဒီဘရုတ်တိုရနီကုတ် ´အား စီရမ်(သန်လျင်)တွင် ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင်သူ၏သြဇာမှာ မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင်အပါအဝင် ဒဂုံအထိ ရောက်သည်။

ယူဆောင်ခြင်း

ခရစ်သက္ကရာဇ်၁၆၀၈-ခုနှစ်တွင်ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုသည်ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍ အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှလှိမ့်ချ၍ မြစ်ကမ်းနားထိ ဆင်များဖြင့်ဆွဲကာပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ဖောင်ဖြင့်သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့်ငမိုးရိပ်ချောင်း သုံးသွယ်ဆုံဆည်းရာဒေါပုံမြစ် နေရာတွင် ဖောင်ပျက်ပြီးခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့သည်။ဖိလစ်ဒိုဘရစ်တို လည်းရေအောက်သို့ပါသွားခဲ့သည်။ ပေါ်တူဂီတို့လည်း၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သောဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့်တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်းသေစေသည် ဟုဆိုသည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီးရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရေအောက်နစ်မြှုပ်နေသည်မှာနှစ်ပေါင်း (၄၀၀) နီးပါးရှိချေပြီ။

(ဖီလစ် ဒီဘရေဒိုမှာရခိုင်ဘုရင့်တပ်မတော်၏ ကြေးစားစစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့ သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။ သူအင်အားကြီးမားလာသော အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ဦးစီးသော ရခိုင်ဘုရင့်ရေတပ်မတော်မှာ့ သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။ ဖီလစ်ဒီဘရေတိုလည်းသင်္ဘောသုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင် ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့ ထိပ်တိုက်တိုးလေသည်။ရခိုင်ရေတပ်မတော်ကြီးသည်လည်းသန်လျှင်ကို မရောက်သေးသောကြောင့်ပေါ့ပေါ့လျှော့ေ လျှာ့နှင့် ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ချီတက်လာရာရခိုင်မင်းသားသည်ပေါ်တူဂီ တို့၏ဖမ်းစီးခြင်းကိုခံရလေသည်။ ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင် သည်လည်း မိမိသားတော်အသက်မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိုက်ရသည်။ ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည်သန်လျှင်တွင် ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော တပ်မတော်ကြီးနှင့်သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။ ဖီလစ်ဒီဘရေတိုသည်၊တောင်ငူဘုရင် နတ်သျှင်နောင်နှင့်အတူအဖမ်းခံရပီး အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏ အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။သန်လျှင်တွင် ယခုတိုင်ဖီလစ် ဒီဘရေဒို၏အုတ်ဂူရှိသေးသည် ။( တချို့သောအကြောင်းအရာများ မှားကောင်းမှားနိုင်သည် သို့သော် သေချာသည် များကား ဖီလစ်ဒီဘရေဒိုသည်ခေါင်းလောင်းကြီးနှင့်အတူနစ်မြုပ်သွားခြင်းမဟုတ်ပေ))

ဆယ်ယူရန် ကြိုးပမ်းမှုများ

ရန်ကုန်ရှိသမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင်ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ထိုးသည်ဟု ပါသည်မှတပါးဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ယခုခေတ် လူကြီးများပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။မြစ်မှာမနက်ပေ။ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော်မှချကာ မြစ်ထဲကျခဲ့ပြန်သည်။သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော်၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ပြန်ပို့ခဲ့သည်။

ဗြိတိသျှ တို့ ကြိုးပမ်းမှု

ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ ရွှေတိဂုံစေတီတော်သို့ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့်ဗြိတိသျှတို့လည်းမစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့အမျိုးသားရေး ရစေခဲ့သည်။

မြန်မာအစိုးရ ကြိုးပမ်းမှု

ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာသမိုင်းပညာရှင်ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။

မြန်မာအစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်းနှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကိုဟက်ခြာက သဘောတူခဲ့ပါသည်။ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင်ရစ်ချတ်ဂရီက အားတက်သရောပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကိုအပြည်ပြည်ဆိုင်ရာအဆင့်ထိ စိတ်ဝင်စားစေသည်မှာသံသယရှိစရာမလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်း ၄င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည်ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာအောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသောမြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံပြန်လည်ကောင်းမွန် လာလိမ့်မည်ဟုယုံကြည်ကြသည်။ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသောအမွေကို ပြန်လည်ရရှိကြမှာသေချာပါသည်။ထို့ပြင် ၄င်းခေါင်းလောင်းကြီးတွင်ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သောအထောက်အထားပင် ဖြစ်ပေမည်။

၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်းခေါင်းလောင်းတော ရှာဖွေဆယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအ ဝေးပွဲကိုရန်ကုန်မြို့၊ မြို့တော်ခန်းမရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။[2]

၎င်းလုပ်ငန်းကိုကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။အချို့သောဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည်မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟုဆိုသည်။ ယခုခေတ်ကိုကျော် ပြီးနောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည်ဟုဆိုသည်။

မိုက်ဟက်ခြာနှင့်၎င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန်ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်းလုပ်ငန်းကိုစိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင်၎င်းအဖွဲ့သည် အင်ဒိုနီးရှားဆယ်ယူရေးပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်းဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်းလုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသောခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ဦးစံလင်း၏ ကြိုးပမ်းမှု

ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းကမြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာခေါင်းလောင်းကြီး၏ မူလနေရာရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံးပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ခွင့်ပြုချက် တောင်းခံလျှက်ရှိသည်။ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊၁၉၉၈-ခုနှစ်တွင် နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊စုစုပေါင်း လေးကြိမ်တိတိဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည်။

ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ

*ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊ *အခြားခေါင်းလောင်းတစ်လုံး၊ *ဥာဏ်တော် ခုနှစ်တောင်စီရှ ရွှေသားအစစ်ရပ်တော်မူဗုဒရုပ်ပွားတော် နှစ်ဆူ *ကျောက်သံ ပတ္တမြားများပါသည့်သေတ္တာ (၁၁)လုံးယနေ့ထက်တိုင်ရှိနေသည်ဟုဆို၏။

ဦးစံလင်း၏ သဘောထား

မြန်မာ့နည်း၊မြန်မာ့ဟန်၊မြန်မာ့အဆင့်မြင နည်းပညာဖြင့်ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ဲဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှစက်ယန္တရားပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက်(သို့) ရေယာဉ်တစ်စီးအဓိက လိုအပ်ပါသည်။၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီးမိုးတွင်းတွင်ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလိုပြောင်ရှင်းနေ၍ ဖြစ်သည်၊နွေရာသီတွင်နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။

သစ်ထူးလွင်ဆိုဒ်မှ ကူးယူဖော်ပြပါသည်

ဒါလား မြန်မာလူမျိုးတွေ

မြန်မာစကားပုံတစ်ခုရှိပါတယ် "တောင်းဆိုးပလုံးဆိုးသာ ပစ်မယ် သားဆိုးသမီးဆိုး ဘယ်တော့မှ မပစ်ဖူး"တဲ့

ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းကတော့ အပြစ်လုပ်မိလို့ တရားစွဲဆိုခံရတဲ့ သားကို  နိုင်ငံဂုဏ်ဆောင်လူကြီးမင်း ပီသစွာ အမွေပြတ်စွန့်လွှတ်လိုက်ပါတယ်။

အဲဒီလိုစွန့်လွှတ်လိုက်လို့ သူ့ဂုဏ်သိက္ခာတွေ တက်လာမှာလား?

ဒုက္ခရောက်နေတဲ့ သားသမီးတယောက်ကို အမွေပြတ်စွန့်လွှတ်လောက်အောင် မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်တွေက အဲလောက်အောက်တန်းကျနေပီလားဗျာ



Wednesday, November 14, 2012

မိုဘိုင်းဖုန်းတွေမှာ Browser အတွက် ဇော်ဂျီးမလိုတော့

မိုဘိုင်း Firefox တွင် ဇော်ဂျီနှင့် ယူနီကုဒ် Font များကို Font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဇော်ဂျီနှင့် ယူနီကုဒ် Font များကို မိုဘိုင်း Firefox ပေါ်တွင် ဖတ်ရှုနိုင်မည်ဖြစ်သည့် Tagu (တန်ခူး)ကို  မြန်မာ Developer တစ်ဦးဖြစ်သူ
ကိုထိန်လင်းရွှေက ရေးဆွဲထားခြင်း ဖြစ်သည်။

အဆိုပါ Tagu ဆော့ဖ်ဝဲကို မကြာမီအချိန်အတွင်း အသုံးပြုနိုင်အောင် ဖြန့်ချိပေးမည်ဖြစ်ပြီး သုံးစွဲသူကိုယ်တိုင် မိုဘိုင်းအတွက် Compile လုပ်ပြီး
သုံးစွဲနိုင်မည် ဖြစ်သည်။

ထို့ကြောင့် မိုဘိုင်းပေါ်တွင် Tagu ကို Compile လုပ်ပြီး သုံးစွဲလိုသူများအနေဖြင့် Firefox add-on Source Code ကို    https://github.com/saturngod/Tagu-firefox ပေါ်တွင် ရယူသုံးစွဲနိုင်သည်။

မြန်မာ Developer ကိုထိန်လင်းရွှေအနေဖြင့် လက်ရှိအချိန်တွင် Desktop Browser များအတွက် Tagu ကို https://chrom. google.com/webstore      နှင့် https://addons.mozilla.org တို့တွင် အခမဲ့ရယူအသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။

ထို့အပြင် Chrome Browser အတွက် Source Code ကို https://github.com/saturngod/Tagu-Chrome ပေါ် တွင် တင်ပေးထားသည်။

ယင်းသည် Massachusetts Institute of Technology (MIT)၏ အခမဲ့ Software လိုင်စင်တစ်ခုဖြစ်သည့် အသုံးပြုလိုသူတိုင်း လွတ်လပ်စွာ
အသုံးပြုနိုင်သည်။

Tuesday, November 13, 2012

လူမဆန်သော မူဆလင် ကုလား ၏ အဓမ္မ ကြံ စည်မှု မှ လွတ် မြောက် လာသော ကျောက် ဖြူ သူ

မသွယ်သွယ်ထွန်း သည် အသက် ၁၄ နှစ် မျသာ ရှိပြီး အမှတ်၅၁၀ မင်းရဲကျော်စွာ (၃) လမ်း (၇) ရပ်ကွက်တွင် သူ့ အစ်မများ နှင့်အတူ ငှားရမ်း နေထိုင်ပြီး ၈ တန်း ပညာကို သင် ယူလျှက်ရှိသည်။ ၎င်းအိမ် ပိုင် ရှင် ဦးကျော်မြင့် မှာလည်း ကုလား တစ်ဦး ဖြစ် ပါသည်။ သူမတို့ ၎င်းမှာနေထိုင် သည်မှာ ရခိုင်ပြည် အရေးမဖြစ် ခင်ကတည်းက ဖြစ် သည်။ ၎င်းအိမ် သည် နှစ်ထပ် ၎
ခမ်း ဖြစ်။ တစ်ခန်း မှ ပိုင်ရှင်ကိုယ် တိုင် နေထိုငပြီး ကျန် ( ၃) ခန်း အား အငှား ချ ထား သည်။ သွယ်သွယ်ထွန်း တို့ ညီအစ်မ တစ်စု မာ အပေါ် ထပ် လက်ယာ ဘက် အခမ်း တွင် နေထိုင် ကြ သည်။ တနေ့ (၁၁.၁၁.၂၀၁၂) တနင်္ဂနွေနေ့ သူမ ၏ အစ်မများ အလုပ် သွား နေ စဉ် ဘေး ချင်း ကပ်ရပ် အခန်း ကို ၁၀ လပိုင်း ကုန် မှ ပြောင်းလာသည့် ကုလား ကျော် ဇင်အောင်(ခ) အာလူး သည် နေ့ လည် တစ် နာ ရီ ခန့် တွင် အခန်း ထဲ သို့ဝင်လာပြီး အဓမ္မပြု ကျင့်ရန်ကြိုးစား ခဲ့သည်။ သူမ က ကူပါ ကယ် ပါ အော် ခေါ် အကူ အညီ တောင်း ရာ ရပ် ကွက် မှ ဝိုင်း ပါလာ ရာ အမှု မမြောက် ဘဲ လွတ်မြောက် သွား ခဲ့ သည်။ ၎င်း အချိန် တွင် ကုလား ကျော်ဇင်အောင် ၏ မိန့်မ သည် ဘေးချင်း ကပ် ရပ် သူ တို့ အခန်း တွင် ရှိ နေ သည်။ သူမ အား မေးကြည့် ရာ မသိလိုက်ကြောင်း ဖြေ ကြားခဲ့ သည် ဟု သိ ရ သည်။ ၎င်းကို သုံး သပ်ခြင်း အား ဖြင့် ၎င်း အမှု မှာ ကြိုတင်စီမံ ထားသော ဖြစ်ရပ်တစ်ခု ဖြစ် ကြောင်း သိ မြင် နိုင်ပေ သည်။ ယခု အခါ တွင် တရား ခံအား ဖမ်း ဆီးစစ်ဆေး နေ ကြောင်း သိ ရသည်။ သက် ဆိုင် ရာ ဌာ န များ အနည်ဖြင့် စစ်ဆေး သည့် အခါ တွင်ပြစ် မှု ကျူး လွန် မလွန် စစ်ဆေး ရုံ နဲ့ လုံလောက် မှု မရှိကြောင်း ၎င်းအဖြစ် အပျက် ဖြစ်ပေါ် လာရ န် တွန်းအား ပေး သော အဖွဲ့ အစည်း ကို လည်း ဖေါ်ထုတ် ရန် လို အပ် ကြောင်း တိုက် တွန်း အပ် ပါ သည်။

MICT Park Website ကို BlinkHackergroup မှ hack ထား

Myanmar Info Tech ရဲ့ Website ဖြစ်တဲ့ MICT Park site ကို BlinkhackerGroup မှ hack ထားပီး

မြန်မာအမျိုးသမီးများနှင့်ဘာသာတရားကို ပုတ်ခတ်စော်ကားသည် ကုလား အာကာဟိန်း

7day news မှ ကုလားသတင်းထောက်များကို အရေးယူပေးရန်တောင်းဆိုထားကြောင်းသိရသည်

Thursday, November 8, 2012

ဗုဒ္ဓဘာသာကို စော်ကားပုတ်ခတ်တဲ့ ဖိနပ်ဒီဇိုင်းပါ

ကျွန်တော်တို့ဟာ မေတ္တာတရားနဲ့ နေတဲ့ ဗုဒ္ဓဘာသာဝင်တွေပါ.........

ဗုဒ္ဓဟောခဲ့ပါတယ်" စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမ ဝေါ " တဲ့ ကိုယ့်စေတနာ ကိုယ့်ပြန်ပီး အကျိုးပေးမှာပါ

ဘယ်လောက်ပဲ မေတ္တာတရားထားပါလို့ ဗုဒ္ဓက လမ်းညွှန်ခဲ့ပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓကို စော်ကားတဲ့ အပြုအမူမျိုးကို လက်ပိုက်ကြည့်နေရမဲ့ အဆင့်ထိ ခန္တီမေတ္တာကြိးမားတဲ့ အာသဝေါကုန် ရဟန္တာတွေ မဟုတ်ကြပါဘူး။

ဒီပုံကို ကြည့်ပါဗျာ ဘယ်လောက်မိုက်ရိုင်းလဲ ဖိနပ်ဆိုတာ ဟိုး လူတွေ နင်းပြား အောက်ခြေ ပါ ဒါက ဗုဒ္ဓကို လုံးဝ စော်ကားလိုက်တာပါ


သဗ္ဗေသတ္တာ ကမ္မသကာ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ 

Source - http://www.adaderana.lk/news.php?nid=19073

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တ

ရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........
http://www.facebook.com/BuddhismBeams