Thursday, November 29, 2012

လိပ်လောက်တောင် မမြန်တဲ့ Con Speed နဲ့ သုံးစွဲခတိုးကောက်မယ်လား MPT

ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) ADSL ဝန်ဆောင်မှု
ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်
..............................................................................
ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) က ADSL ဝန်ဆောင်မှု
ဈေးနှုန်း များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး ပြင်ဆင်သတ်မှတ် မည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ တာဝန်ရှိသူ တစ်ဦးက The Voice Weekly ကို ပြောကြားသည်။

"နှစ်စဉ်ကြေး ကတော့ အရင် အတိုင်း ၆၀ ပါပဲ။ လစဉ်ကြေးနဲ့ ကနဦး
တပ်ဆင်ကြေး ဈေးနှုန်းပဲ လျှော့ပေးတာပါ" ဟု ၎င်းက ပြောသည်။
 
 
 
သူငယ်ချင်းများခင်ဗျာ ဒီဇင်ဘာ ၁ ရက်နေ့မှစပီး mpt မှ မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခများကို ယခင်နာရီမိနစ်အလိုက်ကောက်ခံနေရာကနေ 100 kb လျှင်၂ကျပ်နှုန်းနဲ့ ပြောင်းလဲကောက်ခံတော့မှာဖြစ်ပါတယ် ကျွမ်းကျင်သူများအဆိုအရ ယင်းပြောင်းလဲမှုမှာ အားသာချက်အားနည်း
ချက်များရှိပြီး ယခင်viberပြောပါကတမိနစ်လျှင်၂ကျပ်ကျသင့်ရာက ယခုအခါ၅ကျပ် skype ပြောပါက တစ်မိနစ်၁၂၀ခန့်ကျသင့်မှာဖြစ်ပါတယ် facebook သုံးပါက စာမျက်နှာ၁ခုလျှင် 500kbs ခန့်ရှိတဲ့အတွက် fb စာမျက်နှာ၁ခုသွားတာနဲ့တင် ၅ကျပ်ခန့်ကုန်ကျမှာဖြစ်ပါတယ် photo video တွေ download ဆွဲရင်လည်း mb များများသလိုကုန်ကျမှာဖြစ်ပါတယ်။7day ဂျာနယ်တဆောင်ကိုဒေါင်းမယ်ဆိုရင် 25mb လောက်ရှိတဲ့အတွက် ၁၉၀ ကျပ်လောက်ကုန်မှာဖြစ်ပါတယ် ကျွန်တော်တို့ကတော့ ပညာရှင်လည်းမဟုတ်တဲ့အတွက် ဂရုပြုသုံးစွဲရမှာဖြစ်ပါတယ်။အရင်လိုကိုဒေါင်းချင်တာဒေါင်းလို့မဖြစ်တော့ပါဘူး ယခုပြောင်းလဲလိုက်တဲ့အစီအစဉ်ဟာ ဘယ်လိုအခြေအနေဆိုတာတော့ စောင့်ကြည့်ရမှာပါခင်ဗျား



MPT ကိုဆန္ဒပြမယ့် အစီအစဉ်ကို ဒီနေ့ထုတ် UNITY ဂျာနယ်မှာ တရားဝင်ဖော်ပြလိုက်ပါပြီ..။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ခွင့်ပြုချက်တင်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်.။ရွှေဂုံတိုင် ဆသရရုံး (သို့မဟုတ်) လမ်း(၄၀) ဆသရရုံးတွင် ဆန္ဒပြရန် အကြမ်းမျဉ်း စီစဉ်ထားပါတယ်လို့ သိရပါတယ်။









No comments:

Post a Comment