Friday, November 30, 2012

MPT ရဲ့ သုံးစွဲခကောက်ခံမှု ဈေးနှုန်းသစ်ကို ပြန်လည်တိုက်ခိုက်ခြင်း

မဆိုးပါဘူး စမ်းသုံးကြည့်တာ သုံးရတာလဲတော်တော်လွယ်ကူပါတယ် မလွယ်တာကတော့ ဈေးနှုန်းဗျို့ စမ်းသုံးကြည့်ပါ မျက်လုံးပြူးသွားစေရမယ် MPT ရဲ့ ဈေးနှုန်းအသစ်ကို

မြန်မာနိုင်ငံရှိ mobile internet များကို data plan ဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် mo

bile ဖြင့် internet အသုံးပြုသူများအနေဖြင့် မိမိတို့ အသုံးပြုသော data amount ကို အလွယ်တကူ သိနိုင်မည် မဟုတ်ပါ။ ထိုအခက်အခဲကို Myanmar Hub ၏ Internet Usage Monitor(IUM) ကို အသုံးပြုခြင်းဖြင့် လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ IUM ကို အသုံးပြုခြင်းဖြင့် အင်တာနက် အသုံးပြုခကျသင့်ငွေ Data အသွားအပြန်ပြုလုပ်သည့် ပမာဏ တို့ကို အလွယ်တကူ ကြည့်ရှု့နိုင်မည် ဖြစ်သည်။ ထို့အပြင် အင်တာနက် အသုံးပြုခနှုန်းထားများကိုပါ လိုအပ်သလို ပြင်ဆင်နိုင်သဖြင့် data plan အပြောင်းအလဲရှိပါက အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

IUM ကို အသုံးပြုရန်အတွက် အနည်းဆုံး android version 2.2 ရှိရမည်ဖြစ်၍ version 4.x.x ထိ အသုံးပြုနိုင်ပါသည်။


IUM အသုံးပြုပုံအဆင့်အဆင့်

apk file ကို အခမဲ့ download ပြုလုပ်ပါ။
ထိုနောက် နှစ်သက်ရာ file manager (သို့) apk installer ကို အသုံးပြု၍ install ပြုလုပ်ပါ။
Install ပြုလုပ်ပြီးပါက home screen ၏ လွတ်နေသော နေရာတစ်နေရာကို လက်ဖြင့် ခေတ္တာ နှိပ်ထားပါ။
Homescreen ကို Personalise ပြုလုပ်ရန် windows တစ်ခု (သို့) dialog တစ်ခု ပေါ်လာပါမည်။
ထို window(သို့) dialog မှ Widget ကို ရွေးချယ်ပါ။
ထိုနောက် Internet Usage Monitor ကို ရွေးချယ်ပါ။
Homescreen တွင် IUM Widget ပေါ်လာပါလိမ့်မည်။


IUM အင်တာနက်နှုန်းထား ပြင်ဆင်ပုံအဆင့်ဆင့်

ဥပမာ။ ။ data 10MB လျှင် 2 ကျပ်နှုန်း အဖြစ်ပြောင်းလဲခြင်း

Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
Dialog တစ်ခုပေါ်လာပါမည်။
Unit နေရာတွင် 10 ကို ထည့်ပါ။
ထိုနောက် MB ကို ရွေးချယ်ပါ။
Price နေရာတွင် 2 ကို ထည့်ပါ။
ထိုနောက် Save ကို နှိပ်ပါ။


IUM ကို reset ပြုလုပ်နည်း

တစ်ခါတစ်ရံတွင် မိမိဖုန်း၏ credit ကို top up လုပ်လိုက်၍ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ IUM ၏ record များကို 0 မှ ပြန်လည် စတင်လိုပါက

1.Homescreen ရှိ IUM Widget ၏ အပေါ်ညာလက်ထိပ်ရှိ စက်သွားပုံ ခလုတ်ကလေးကို နှိပ်ပါ။
2.Dialog တစ်ခုပေါ်လာပါမည်။
3."Reset All Data Usage" ကို နှိပ်ပါ။
4.Dialog ထပ်ပေါ်လာပါက "Reset" ကို နှိပ်ပါ။




Apk ရယူရန် Link >>> http://appstore.myanmarhub.net/detail.jsp?id=28

(MMHub မှကူးယူဖော်ပြသည်)

No comments:

Post a Comment