Wednesday, January 2, 2013

ဖိုက်ဘာအင်တာနက်လိုင်းများ ကနဦးတပ်ဆင်ခ ဈေးနှုန်းလျှော့ချ


ဖိုက်ဘာ အင်တာနက်လိုင်း (FTTx) ၏ ကနဦးတပ်ဆင်ခအား ကျပ်ခုနစ်သိန်းခွဲမှ ကျပ်ငါးသိန်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်လျှော့ချခဲ့ကြောင်း Fortune Int''l Ltd မှ သိရသည်။
ထိုသို့ဈေးနှုန်းလျှော့ချရာတွင် ကနဦးတပ်ဆင်ခများသာ လျှော့ချပေးခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်ကြေးနှင့် လစဉ်ကြေးမှာ ယခင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာဖြစ်ပြီး မိမိဝယ်ယူထားသည့် service plan (512 Kbps, 1Mbps, 2Mbps) အပေါ်မူတည်၍ လစဉ်ကြေးကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် service plan 4Mbps သုံးစွဲလိုပါက သီးခြားလျှောက်လွှာတင်ရန် လိုအပ်ကြောင်း သိရသည်။
ဖိုက်ဘာအင်တာနက်စနစ်အား Fortune Int''l Ltd ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီနှစ်ခုမှ Network Provider အဖြစ် ရန်ကုန်မြို့အား ဇုန်နှစ်ခုသတ်မှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး Fortune Int''l Ltd ကုမ္ပဏီမှ လက်ရှိတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကင်းမြို့နယ် (အချို့)၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ် (အချို့) တို့တွင် ဖိုက်ဘာအင်တာနက်စနစ်အား ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖိုက်ဘာအင်တာနက်စနစ်အား လက်ရှိတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်းလိုင်းတို့အား ၀န်ဆောင်မှုပေးလျက်ရှိပြီး Triple Play Service (အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း) အား နောက်ပိုင်းတွင် ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source : http://www.news-eleven.com/index.php?option=com_content&view=article&id=17128:2013-01-02-07-46-21&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment