Tuesday, January 29, 2013

Samsung galaxy အုပ်စုဝင် Android phone သုံးနေသူများ မြန်မာဖောင့် မရှိသူများအတွက်

Samsung galaxy အုပ်စုဝင် Android phone သုံးနေသူများ မြန်မာဖောင့် မရှိသူများအတွက် ရှာပြီး
စုတင်ပေးလိုက်ပါတယ်. ကျွန်တော်အသုံးပြုနေသည့် နည်းအတိုင်းပါပဲ. ဟိုရှာဒီစမ်း နဲ့ အဆင်ပြေသွားတာလေးကို
ပြန်ဖော်ပြခြင်းပါ. zawgyi font နဲ့ zawgyi keyboard နှစ်မျိုးလုံး တင်ပေးထားပါတယ်.
အသုံးပြုပုံက အခုဟာလေးကို ဒေါင်းပါ. zip ဖိုင်နဲ့ တင်ထားတာဖြစ်လို့ zip ကိုဖြည်ဖို့လိုပါတယ်.
အထဲမှာ Zawgyi_One_2.apk ဆိုတဲ့ file က font ပါ. MyanDroid-Soft-Keyboard-Zawgyi-Beta.apk ဆိုတာက zawgyi keyboard ပါ. ယင်း ဖိုင်လေးနှစ်ခုကို မိမိအသုံးပြုAndroid phone ရဲ့ memorycard ထဲကို usb ကြိုးဖြင့် ချိပ်ဆက်ပြီး ထည့်ပါ. ထိုသို့ ချိပ်ဆက်ရာတွင်လွယ်ကူဖို့ samsung kies ဆိုတာ မိမိကွန်ပျူတာမှာ အရင် install လုပ်ထားဖို့လိုပါတယ်. ဒီဆော့ဝဲလ်က ကွန်ပျူတာနဲ့ samsung phone ချိပ်ဆက်ပေးတဲ့ ဆော့ဝဲလ်ပါ. nokia pc suite လိုပါ. အဲဒါမရှိသေးရင်
အောက်မှာပေးထားတဲ့လင့်က ဒေါင်းယူပါ.................
မိမိဖုန်းထဲကို အထက်က Zawgyi_One_2.apk နဲ့ MyanDroid-Soft-Keyboard-Zawgyi-Beta.apk
ရောက်သွားပြီဆိုရင် ကွန်ပျူတာနဲ့ချိပ်ဆက်တာဖြုတ်ပြီး ဖုန်းထဲက memory card ကိုသွားပြီး အထက်ပါ ဆော့ဝဲလ်ကို ကလစ်ပြီး install လုပ်ပါ. ထိုသို့ နှစ်ခုလုံးကို လုပ်ပြီးသွားရင် ဖုန်းကိုပိတ်ပြီးပြန်ဖွင့်ပါ. ဖုန်းနဲ့အင်တာနက်သုံးကြည့်ပါ. မြန်မာဝက်ဆိုက်တွေဝင်ကြည့်ပါ. မြန်မာစာမြင်ရပါလိမ့်မယ်. စားရေးဖို့ဆိုရင်တော့ ရေးမယ့်နေရာလေးမှာ သုံးစက္ကန့်လောက်ထောက်လိုက်ပါ. စာပေါ်လာပါလိမ့်မယ် ယင်းအထဲက Input method ဆိုတဲ့စာကြောင်းလေးကို ကလစ်လိုက်ရင် select input method ဆိုပြီး ထပ်ပေါ်လာတဲ့ အထဲက MyanDroid soft keyboard ကိုရွေးလိုက်တာနဲ့ မြန်မာစာရေးလို့ရပါပြီ. english လိုပြန်ရေးချင်ရင် အထက်ပါတိုင်း သုံးစက္ကန့်လောက်ဖိပြီး ပြန်လုပ်ပါ. ထို့နောက် Sansung keypad ကိုရွေးလိုက်ပါ english စာပြန်ရပါတယ်. မြန်မာကီဘုတ် လက်ကွက်ကိုတော့ ရေးလို့ရအောင် ကလိကြည့်ပါ.
အဆင်ပြေပါလိမ့်မည်. အထက်ပါနည်းဖြင့် ဖုန်းတွင် အွန်လိုင်းကောင်းကောင်းသုံးဖြစ်နေပါတယ်. ချက်လို့ရတယ်. facebook သုံးလို့ရတယ်. comment ပေးလို့ရတယ်. မြန်မာဝက်ဆိုက်များကို ကောင်းကောင်းဝင်ကြည့်နိုင်ပါတယ်.

(မရှိ၊ မသိသေးသူများကို ရည်ရွယ်ပါတယ်. Samsung galaxy အုပ်စုAndroid phone များတွင်သာ အဆင်ပြေမှာပါ. တခြားအမျိုးစားအတွက် တော့ မပြောတတ်ပါ)
samsung kies = download

Zawgyi_One_2.apk and MyanDroid-Soft-Keyboard-Zawgyi-Beta.apk = down...
password = akmkuntha

IT Center မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment