Tuesday, January 29, 2013

Wifi Hack ချင်ပါတယ်ဆိုတဲ့ သူများအတွက်

VMware.Workstation.v8.0.1.528992 လေးပါ။

 ဥပမာ BT5 ကို boot လုပ်စရာမလိုပဲ window အထဲမှာပဲ run လို့ရတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
keygen ပါထည့်ပေးလိုက်ပါတယ်။
ဖိုင်ဆိုက်ဒ်ကတော့  455MB ရှိပါတယ်။ ကျနော် ဖိုင်ခွဲတင်ပေးထားပါတယ်။

Download From Mediafire

အသုံးပြုပုံကို vedio ဖိုင်လေးပါတင်ပေးလိုက်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။
မှတ်ချက်  ။     ။  ဟက်ကင်းဆိုင်ရာမတတ်ပါ..မေးမြန်းခြင်းသည်းခံစေလိုပါတယ်..
စေတနာဖြင့် မျှဝေခြင်းပါ။ 
 
ဘလော့ခရီးသည်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

Samsung galaxy အုပ်စုဝင် Android phone သုံးနေသူများ မြန်မာဖောင့် မရှိသူများအတွက်

Samsung galaxy အုပ်စုဝင် Android phone သုံးနေသူများ မြန်မာဖောင့် မရှိသူများအတွက် ရှာပြီး
စုတင်ပေးလိုက်ပါတယ်. ကျွန်တော်အသုံးပြုနေသည့် နည်းအတိုင်းပါပဲ. ဟိုရှာဒီစမ်း နဲ့ အဆင်ပြေသွားတာလေးကို
ပြန်ဖော်ပြခြင်းပါ. zawgyi font နဲ့ zawgyi keyboard နှစ်မျိုးလုံး တင်ပေးထားပါတယ်.
အသုံးပြုပုံက အခုဟာလေးကို ဒေါင်းပါ. zip ဖိုင်နဲ့ တင်ထားတာဖြစ်လို့ zip ကိုဖြည်ဖို့လိုပါတယ်.
အထဲမှာ Zawgyi_One_2.apk ဆိုတဲ့ file က font ပါ. MyanDroid-Soft-Keyboard-Zawgyi-Beta.apk ဆိုတာက zawgyi keyboard ပါ. ယင်း ဖိုင်လေးနှစ်ခုကို မိမိအသုံးပြုAndroid phone ရဲ့ memorycard ထဲကို usb ကြိုးဖြင့် ချိပ်ဆက်ပြီး ထည့်ပါ. ထိုသို့ ချိပ်ဆက်ရာတွင်လွယ်ကူဖို့ samsung kies ဆိုတာ မိမိကွန်ပျူတာမှာ အရင် install လုပ်ထားဖို့လိုပါတယ်. ဒီဆော့ဝဲလ်က ကွန်ပျူတာနဲ့ samsung phone ချိပ်ဆက်ပေးတဲ့ ဆော့ဝဲလ်ပါ. nokia pc suite လိုပါ. အဲဒါမရှိသေးရင်
အောက်မှာပေးထားတဲ့လင့်က ဒေါင်းယူပါ.................
မိမိဖုန်းထဲကို အထက်က Zawgyi_One_2.apk နဲ့ MyanDroid-Soft-Keyboard-Zawgyi-Beta.apk
ရောက်သွားပြီဆိုရင် ကွန်ပျူတာနဲ့ချိပ်ဆက်တာဖြုတ်ပြီး ဖုန်းထဲက memory card ကိုသွားပြီး အထက်ပါ ဆော့ဝဲလ်ကို ကလစ်ပြီး install လုပ်ပါ. ထိုသို့ နှစ်ခုလုံးကို လုပ်ပြီးသွားရင် ဖုန်းကိုပိတ်ပြီးပြန်ဖွင့်ပါ. ဖုန်းနဲ့အင်တာနက်သုံးကြည့်ပါ. မြန်မာဝက်ဆိုက်တွေဝင်ကြည့်ပါ. မြန်မာစာမြင်ရပါလိမ့်မယ်. စားရေးဖို့ဆိုရင်တော့ ရေးမယ့်နေရာလေးမှာ သုံးစက္ကန့်လောက်ထောက်လိုက်ပါ. စာပေါ်လာပါလိမ့်မယ် ယင်းအထဲက Input method ဆိုတဲ့စာကြောင်းလေးကို ကလစ်လိုက်ရင် select input method ဆိုပြီး ထပ်ပေါ်လာတဲ့ အထဲက MyanDroid soft keyboard ကိုရွေးလိုက်တာနဲ့ မြန်မာစာရေးလို့ရပါပြီ. english လိုပြန်ရေးချင်ရင် အထက်ပါတိုင်း သုံးစက္ကန့်လောက်ဖိပြီး ပြန်လုပ်ပါ. ထို့နောက် Sansung keypad ကိုရွေးလိုက်ပါ english စာပြန်ရပါတယ်. မြန်မာကီဘုတ် လက်ကွက်ကိုတော့ ရေးလို့ရအောင် ကလိကြည့်ပါ.
အဆင်ပြေပါလိမ့်မည်. အထက်ပါနည်းဖြင့် ဖုန်းတွင် အွန်လိုင်းကောင်းကောင်းသုံးဖြစ်နေပါတယ်. ချက်လို့ရတယ်. facebook သုံးလို့ရတယ်. comment ပေးလို့ရတယ်. မြန်မာဝက်ဆိုက်များကို ကောင်းကောင်းဝင်ကြည့်နိုင်ပါတယ်.

(မရှိ၊ မသိသေးသူများကို ရည်ရွယ်ပါတယ်. Samsung galaxy အုပ်စုAndroid phone များတွင်သာ အဆင်ပြေမှာပါ. တခြားအမျိုးစားအတွက် တော့ မပြောတတ်ပါ)
samsung kies = download

Zawgyi_One_2.apk and MyanDroid-Soft-Keyboard-Zawgyi-Beta.apk = down...
password = akmkuntha

IT Center မှ ကူးယူဖော်ပြပါသည်

Sunday, January 27, 2013

GSM ဖုန်းနဲ့ အင်တာနက် Free အလကား သုံးနည်းပါတဲ့

Facebook ပေါ်ကတွေတာပါ

ကျနော်ကိုယ်တိုင်တော့ စမ်းမကြည့်ရသေးပါဘူး (ဖုန်းမရှိလို့ဘာာ ဟီး)


ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း
******************************
**********

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

မူရင်းအတိုင်း ကူးယူတင်ပြပေးလိုက်ပါတယ်

Tuesday, January 22, 2013

Transformer Prime ကို root လုပ်ပြီး touch screen ကို ပိုကောင်းဖို့ လုပ်ရအောင်…

ကျွန်တော့ရဲ့ Asus EEE Pad Transformer Prime tablet ကိုဝယ်ပြီးတော့ မကြိုက်တာတစ်ခုက touch screen က မူလ Transformer (TF101) လောက် မကောင်းတာပါပဲ။ အထူးသဖြင့် stylus သုံးပြီးတော့ hand writing တွေ ရေးမယ်ဆိုရင် သိပ်ကိုသိသာပါတယ်။ ပြီးတော့ stylus သုံးပြီး screen ပေါ်မှာ ထောင့်ဖြတ်မျဉ်းဆွဲ ကြည့်လိုက်ရင် မျဉ်းက ဖြောင့်မနေပဲ Zig-Zag ပုံစံဖြစ်နေတာလည်း သိသိသာသာကြီးပါပဲ။ ဒါကြောင့် Transformer Prime က ပါပါး ပေါ့ပေါ့လေးဖြစ်ပေမယ့် handwritten notes တွေရေးဖို့က အတော်ကို ပြဿနာဖြစ်နေတာပေါ့နော်။
ဒါနဲ့ TF Prime ရဲ့touchscreen ကို ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလည်း လိုက်ရှာကြည့်တော့ Touchscreen Tune ဆိုတဲ့ Android application လေးကို သွားတွေ့မိပါတယ်။ အဲဒါလေးကို သုံးလိုက်ရင် Samsung Galaxy Tab 10.1 အတွက်ပဲ ဖြစ်ဖြစ်၊ EEE Pad Transformer Prime အတွက်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီ application လေးကို Samsung Galaxy Note အတွက်လည်းသီးသန့် ရှိပါတယ်။ တစ်ခုရှိတာက သူ့ကိုသုံးဖို့အတွက် tablet ကို root လုပ်ထားဖို့ လိုပါတယ်။
ကျွန်တော့ရဲ့ Transformer Prime ထဲကို နောက်ဆုံး version ဖြစ်တဲ့ Android 4 (ICS) ကို ထည့်ထားတဲ့အတွက် သူ့ကို root လုပ်လို့ရမယ့် နည်းကိုလည်းရှာကြည့် ခဲ့ပါတယ်။ ကျွန်တော့ရဲ့ firmware က latest version ဖြစ်တဲ့အတွက် root လုပ်လို့ရပါ့မလား ဆိုတာ မသေချာဘူးပေါနော့်။ ဒါပေမယ့် latest firmware ထည့်ထားတဲ့ EEE Pad Transformer Prime ကို root လုပ်လို့ရမယ့် application ကို တွေ့ခဲ့ပါတယ်။ သိပ်ကို အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ computer ထဲမှာ TF Prime အတွက် လိုအပ်တဲ့ driver တွေထည့်ထားပြီးပြီ ဆိုရင် အဲဒီ application လေးကို သုံးပြီး root လုပ်လိုက်ရုံပါပဲ။ Command Line window ကနေ လုပ်ရတယ်ဆိုပေမယ့် သိပ်ကို လွယ်ပါတယ်။ တစ်ခုပဲ ရှိတာက သူ့ကိုသုးံကာနီးမှာ Transformer Prime driver ထည့်လိုက်တုန်းက ရှိလာနိုင်တဲ့ Asus Sync program ကို Windows မှာ ပိတ်ထားဖို့ လိုပါတယ်။ ပြီး၇င်တော့ command prompt ကနေ ViperMODPrime Time ဆိုတဲ့ program ကို run ပြီး root လုပ်မယ်လို့ ပြောလိုက်တာနဲ့ tablet ကို root လုပ်ပေးပြီး automatic reboot လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ Transformer Prime tablet က root ဖြစ်သွားပါပြီ။
Root EEE Pad Transformer Prime ICS
အောက်မှာပေးထားတဲ့ web site မှာ အသေးစိတ်ကို ကြည့်ပြီး လိုအပ်တဲ့ application program ကို download ဆွဲလို့ရပါတယ်။ ကျွန်တော့အတွက်တော့ ဘာပြဿနာမှ မရှိပဲ Android 4 (Ice Cream Sandwish) ပါတဲ့ Transformer Prime ကို root လုပ်လို့ရခဲ့ပါတယ်။ အဲဒီ program လေးရဲ့ ကောင်းတဲ့အချက်က မူလ Transformer (TF101) ကို လည်း support လုပ်တဲအပြင် နောက်ပိုင်းမှာ unroot ပြန်လုပ်လို့လည်း ရပါတယ်။ ဒါကြောင့် သဘောကျစရာ ကောင်းပါတယ်။
ကျွန်တော်က ကျွန်တော့ရဲ့ TF Prime ကို root လုပ်ပြီးတော့ ခုနကပြောတဲ့ Touchscreen tune ဆိုတဲ့ Android application လေးကို Market ကနေ download ဆွဲပါတယ်။ သူ့ကို ပထမပိုင်းမှာ FREE version အနေနဲ့ သုံးကြည့်နိုင်ပါတယ်။ သဘောကျတယ်ဆိုမှ setting တွေ ခဏခဏ ပြန်မလုပ်ရအောင် register လုပ်လို့ ရပါတယ်။ အဲဒီ Touchscreen tune ကိုသုံးလိုက်တော့ တစ်ကယ်ကိုပဲ touch responsiveness က အရမ်းကို သိသိသာသာ ကောင်းသွားတာတွေ့ရပါတယ်။ စိတ်ကြိုက် အနေအထားကို ချိန်ညှိထားလို့ ရပါတယ်။ Dagi stylus ကို သုံးပြီး လက်ရေးစာတွေရေးရတာ သိပ်ကို ကောင်းသွားပါတယ်။ မူရင်း အခြေအနေနဲ့ ဘာမှကို မဆိုင်တော့ပါဘူး။ ကျွန်တော်က Asus က ထည့်ပေးလိုက်တဲ့ Super Note နဲ့လည်း စမ်းကြည်သလို ကျွန်တော် စိတ်ကြိုက်ဝယ်ထားတဲ့ Writepad Stylus ဆိုတဲ့ application လေးနဲ့လည်း စမ်းကြည့်ဖြစ်ပါတယ်။ Writepad Stylus က Palm rejection မှာ အများကြီး ပိုကောင်းပါတယ်။ ဆိုလိုတာက screen ပေါ်မှာ လက်ထောက်ထားပြီး ရေးလို့ ရစေပါတယ်။
ဒါကြောင့် Transformer Prime ကို root လုပ်ရတာလည်း အတော်ကြီး လွယ်တဲ့အပြင် touch screen response ကိုလည်း အများကြီး ပိုကောင်းအောင် လုပ်ယူလို့ ရတယ်လို့ ပြောချင်ပါတယ်။ Root လုပ်လိုက်တဲ့အတွက် Myanmar Font (Zawgyi) ကို လည်း အလွယ်အတူ ထည့်လို့ရတဲ့အတွက် မြန်ာစာတွေကိုလည်း အဆင်ပြေပြေ မြင်ရတာက သဘောကျစရာကောင်းပါတယ်။ Asus EEE Pad Transformer Prime နဲ့ Samsung Galaxy Tab 10.1 ပိုင်တဲ့သူတွေ အတွက် Touchscreen Tune က သုံးကြည့်သင့်တဲ့ application တစ်ခုဖြစ်ကြောင်း ပြောချင်ပါတယ်။
ကိုသီဟဦး ဘလော့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။


Touch tune apk ဒီမှာဒေါင်းလုပ်လုပ်ပါ

Ziddu (Rar)           

Saturday, January 5, 2013

Internet Browser မှာ Connection မမိတဲ့ ပြဿနာ

ဒီနေ့ ကျနော် တွေ့ခဲတာလေးကို ပြောချင်လို့ပါ

သင်ယူဆဲ မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်

ကျနော့ရုံးက ကွန်ပြူတာပါ Skype တို့ ဘာတို့ အကုန်ရတယ်ဗျာ

Internet Browser (Firefox, Chrome, Flock) အကုန်လုံးသုံးကြည့်တယ်

google တောင် ၀င်လို့မရဘူးဗျာ

ဒါနဲ့ ကျနော် စဉ်းစားတယ် ဘာလို့ ဖြစ်တာလဲပေါ့

IP Address ပေါ့ ဒါပဲလေ အဖြေက (Network Developer တွေအတွက်တော့ ဒါက အလွယ်လေးပေါ့ ကျနော်လို သင်ယူဆဲလူတွေကတော့ တော်တော်စဉ်းစားရတယ်ဗျာ :D)

ဒါနဲ့ ကျနော့စက်က Control Panel\All Control Panel Items\Network and Sharing Center

ဝင်ပြီး Adapter Properties ထဲမှာ ၀င်ပီး ချိန်းလိုက်ရတယ် ခစ်ခစ်

ပီးမှ တွေးကြည့်တယ် တယ်ပိန်းတဲ့ ငါပါလားလို့

အစကတော့ 192.168.1.101 တွေ ဘာတွေ ရိုက်တာဒါ ဗျ

Obtain an IP address automatically နဲ့

အောက်က 203.81.162.22 ရိုက်ထည့်လိုက်တယ်

ပီးတော့ Firefox ကို Auto Detect Proxy လို့ပေးလိုက်တယ်

အဆင်ပြေသွားရော
(မှတ်ချက်- သင်ယူဆဲသူများ သိမှတ်နိုင်စေရန် နှင့် အလားတူ အခက်အခဲမျိုး တွေ့ရှိပါက ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပါသည်)

အဆင်ပြေကျပါစေ..........................................

Wednesday, January 2, 2013

နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုခွင့် (Roaming) စနစ်အတွက် ဖိတ်ခေါ်ချက်အား အာရှနိုင်ငံများအပြင် ဥရောပမှလည်း လာရောက်ကမ်းလှမ်း


နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်မည့် (Roaming) စနစ် ဆောင်ရွက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတကာမှ ချိတ်ဆက်ဆောင်ရွက်လိုသည့် ပြည်ပဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ရာ အာရှနိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံ အချို့မှလည်း လာရောက်ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Roaming စနစ် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၂ ဒီဇင်ဘာလအတွင်း နိုင်ငံပိုင် သတင်းစာများမှတဆင့် နိုင်ငံတကာမှ Roaming စနစ်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Roaming အတွက် နိုင်ငံတကာက ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာတွေကို ဖိတ်ခေါ်တဲ့အခါမှာ ဥရောပက နှစ်နိုင်ငံမှာ အီတလီနိုင်ငံပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံက AIS၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ သြစတြေးလျနိုင်ငံကလည်း လာကြတယ်။ သူတို့က အီးမေးလ်နဲ့ပို့ပြီး ကမ်းလှမ်းထားတယ်။ အခုလောလောဆယ်တော့ သူတို့က ရှေ့လထဲမှာလာပြီး Cost တွေကို ဆွေးနွေးမယ်ဆိုပြီး အင်ဖော်မေးရှင်းတွေ ပို့ထားပါတယ်” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။
လက်ရှိကာလတွင် ပြည်တွင်းရှိ Postpaid ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများအား ပြည်ပသို့ သယ်ဆောင် အသုံးပြုခွင့် (Outbound) စနစ်အား အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ ရရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အခက်အခဲ အနည်းငယ် ကျန်ရှိနေသေးသည့်အတွက် အများပြည်သူသို့ အသုံးပြုခွင့် မပေးသေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမီပြည်ပနိုင်ငံပေါင်း ၁၅၀ ကျော်နှင့် Roaming စနစ် ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မိုဘိုင်းအင်ဂျင်နီယာချုပ်ကပင် ပြောကြားသည်။

Source : http://www.news-eleven.com/index.php?option=com_content&view=article&id=17127:----roaming-----&catid=42:2009-11-10-07-36-59&Itemid=112

ဖိုက်ဘာအင်တာနက်လိုင်းများ ကနဦးတပ်ဆင်ခ ဈေးနှုန်းလျှော့ချ


ဖိုက်ဘာ အင်တာနက်လိုင်း (FTTx) ၏ ကနဦးတပ်ဆင်ခအား ကျပ်ခုနစ်သိန်းခွဲမှ ကျပ်ငါးသိန်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်လျှော့ချခဲ့ကြောင်း Fortune Int''l Ltd မှ သိရသည်။
ထိုသို့ဈေးနှုန်းလျှော့ချရာတွင် ကနဦးတပ်ဆင်ခများသာ လျှော့ချပေးခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်ကြေးနှင့် လစဉ်ကြေးမှာ ယခင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာဖြစ်ပြီး မိမိဝယ်ယူထားသည့် service plan (512 Kbps, 1Mbps, 2Mbps) အပေါ်မူတည်၍ လစဉ်ကြေးကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် service plan 4Mbps သုံးစွဲလိုပါက သီးခြားလျှောက်လွှာတင်ရန် လိုအပ်ကြောင်း သိရသည်။
ဖိုက်ဘာအင်တာနက်စနစ်အား Fortune Int''l Ltd ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီနှစ်ခုမှ Network Provider အဖြစ် ရန်ကုန်မြို့အား ဇုန်နှစ်ခုသတ်မှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး Fortune Int''l Ltd ကုမ္ပဏီမှ လက်ရှိတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကင်းမြို့နယ် (အချို့)၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ် (အချို့) တို့တွင် ဖိုက်ဘာအင်တာနက်စနစ်အား ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖိုက်ဘာအင်တာနက်စနစ်အား လက်ရှိတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်းလိုင်းတို့အား ၀န်ဆောင်မှုပေးလျက်ရှိပြီး Triple Play Service (အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း) အား နောက်ပိုင်းတွင် ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source : http://www.news-eleven.com/index.php?option=com_content&view=article&id=17128:2013-01-02-07-46-21&catid=42:2009-11-10-07-36-59&Itemid=112